DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်​မွေး​နေ့​ လွတ်လပ်စွာ ကျင်း​ပ
DVB
·
February 13, 2012
ဗိုလ်ချုပ်​မွေး​နေ့​ လွတ်လပ်စွာ ကျင်း​ပ
Donate to DVB

ဒီက​နေ့​ ​ဖေ​ဖော်ဝါရီ ၁၃ မှာ ကျ​ရောက်တဲ့​ လွတ်လပ်​ရေး​ဗိသုကာ ဗိုလ်ချုပ် ​အောင်ဆန်း​ရဲ့​ ၉၇ နှစ်​မြောက် ​မွေး​နေ့​အထိမ်း​အမှတ်ပွဲ​တွေကို ရန်ကုန်၊​ မန္တ​လေး​မြို့​ကြီး​တွေ အပါအဝင် မြန်မာနိုင်ငံတွင်း​က နယ်မြို့​တွေမှာလည်း​ လွတ်လပ်စွာ ကျင်း​ပကြပါတယ်။

ဗိုလ်ချုပ်​အောင်ဆန်း​မွေး​နေ့​ကို က​လေး​များ​နေ့​အဖြစ် သတ်မှတ်ပြီး​ ရန်ကုန်မြို့​ရှိ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပရာ ရန်ကုန်တိုင်း​ အတွင်း​ရှိ မြို့​နယ်​တွေက တမြို့​နယ် က​လေး​ ၅ ​ယောက် ဖိတ်​ခေါ်ပြီး​ ပန်း​ချီနဲ့​ ကဗျာပြိုင်ပွဲ​တွေ ပြုလုပ်​ပေး​တယ်လို့​ အဖွဲ့​ချုပ် ဗဟို​ကော်မတီဝင် ဦး​ဝင်း​ထိန်က ​ပြောပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်​ရော၊​ ဦး​ဝင်း​တင်​ရော၊​ ဦး​တင်ဦး​ရော က​လေး​တွေကို လာအား​ပေး​နေပါတယ်။ က​လေး​တွေက တမြို့​နယ်ကို ၅​ယောက် ဆို​တော့​ မြို့​နယ် ၄၀ ​လောက်​တော့​ ရှိတယ်။ က​လေး​ ၂၀၀ ​တော့​ မ​ကျော်ဘူး​။ ၁၀၀ ​ကျော်​တော့​ ရှိတယ်။ ဆုအ​နေနဲ့​က စာအုပ်၊​ ​ဘော(လ်)ပင်၊​ ​ရောင်စုံခဲတံ၊​ အဝတ်အစား​လေး​တွေလည်း​ ပါတယ်။ ဆုက​တော့​ ပထမ၊​ ဒုတိယနဲ တတိယလည်း​ ​ပေး​မယ်။ ဝင်​ရောက်ပြိုင်တဲ့​သူ အား​လုံး​ကိုလည်း​ မရမ​နေ အကုန်​ပေး​မယ်။”

မန္တ​လေး​မြို့​အဖွဲ့​ချုပ်က မဟာ​အောင်​မြေရုံး​မှာ​တော့​ ဗိုလ်ချုပ်​မွေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ မနက်ပိုင်း​က သံဃာအပါး​ ၂၀၀ ​လောက်ကို ဆွမ်း​လောင်း​လှူခဲ့​ပြီး​ ၄၁ လမ်း​မှာ ​ကော်ဖီ၊​ စတုဒီသာနဲ့​ မြီး​ရှည်​ခေါက်ဆွဲကို အခမဲ့​ ​ကျွေး​မွေး​ခဲ့​တယ်လို့​ မန္တ​လေး​တိုင်း​ ပြန်ကြား​ရေး​ အဖွဲ့​ဝင် ဦး​မျိုး​နိုင်က ​ပြောပါတယ်။

“လာသမျှ လူ​တွေကို စတုဒီသာ​ကျွေး​ပါတယ်။ အခုက လူထုက ပြီး​ခဲ့​တဲ့​ နှစ်​တွေထက်စာရင် နိုင်ငံ​ရေး​ နိုး​ကြား​မှု ပိုရှိလာတယ်၊​ အသိစိတ်ဓာတ် ရှိလာတယ်။ ဘာလို့​လည်း​ ဆို​တော့​ အဖွဲ့​ချုပ်က လုပ်တဲ့​ ​ဈေး​ရောင်း​ပွဲပဲ ဖြစ်ဖြစ်၊​ အထိမ်း​အမှတ်ပွဲပဲ ဖြစ်ဖြစ် ခါတိုင်း​ဆို အဖွဲ့​ချုပ်ကလူ​တွေ​လောက်ပဲ တတ်ရဲတဲ့​လူ​လောက်ပဲ လာတယ်။ အခုက​တော့​ အဖွဲ့​ချုပ်အဖွဲ့​ဝင်သစ်​တွေလည်း​ လာတတ်သလို စိတ်ဝင်စား​တဲ့​ ပြည်သူလူထုကလည်း​ လာအား​ပေး​တာ ​တွေ့​ရတဲ့​အတွက် မနှစ်ကထက်စာရင် အများ​ကြီး​ တိုး​တက်မှု ရှိတယ်လို့​ ​ပြောလို့​ရတယ်။”

ရှမ်း​ပြည်နယ် ​အောင်ပန်း​မြို့​ ​အောင်ပန်း​စာကြည့်​တိုက်မှာလည်း​ ဗိုလ်ချုပ်​မွေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ ​ကျောင်း​သူ​ကျောင်း​သား​တွေကို ပ​ဟေဠိ ပြိုင်ပွဲ​တွေ ပြုလုပ်​ပေး​သလို အစား​သောက်နဲ့​ ​ကျွေး​မွေး​ဧည့်​ခံခဲ့​တယ်လို့​ ​အောင်ပန်း​စာကြည့်​တိုက် တာဝန်ခံ ကိုဘိုက ​ပြောပါတယ်။

“​အောင်ပန်း​စာကြည့်​တိုက်အ​နေနဲ့​ ပြည်​ထောင်စု​နေ့​နဲ့​ ဗိုလ်ချုပ်​မွေး​နေ့​ကို နှစ်ပိုင်း​ခွဲလုပ်တယ်။ ၁၁ ရက် ၁၂ ရက် ​နေ့​တွေတုန်း​က​တော့​ အလယ်တန်း​အဆင့်​ ​ကျောင်း​ ၅​ကျောင်း​ကို ဖိတ်ကြား​ပြီး​ ပ​ဟေဠိပြိုင်ပွဲ​လေး​တွေ လုပ်တယ်။ ပြိုင်ပွဲပြီး​တော့​ ဆု​ပေး​ပွဲ​လေး​ လုပ်ပါတယ်။ ရိုး​ရာလွယ်အိတ်​လေး​ ထိုး​ပြီး​တော့​ တို့​ဗိုလ်ချုပ်ဆိုပြီး​ ဗိုလ်ချုပ်​အောင်ဆန်း​ ပုံပါတဲ့​ ​ဆေး​ရိုက်ပြီး​ ​ရေး​ပေး​တယ်။ ​အောင်ပန်း​စာကြည့်​တိုက်ဆိုပြီး​လည်း​ ပါပါတယ်။ ဒီ​နေ့​ကျ​တော့​ ဗိုလ်ချုပ်​မွေး​နေ့​ကို မူလတန်း​အဆင့်​က​လေး​တွေကို ကျ​နော်တို့​ တတ်နိုင်သ​လောက် လူ ၂၀၀ စာ ကြက်သား​ဆန်ပြုတ်တိုက်ပြီး​တော့​ ​ကျောင်း​တွေမှာ လိုက်​ကျွေး​မွေး​ပါတယ်။”

ရှမ်း​ပြည်နယ်​အောင်ပန်း​မြို့​မှာ ဗိုလ်ချုပ်​မွေး​နေ့​ ကျင်း​ပတာ ပထမဆုံး​အကြိမ်ဖြစ်ပြီး​ လွတ်လပ်စွာ ကျင်း​ပခွင့်​ရတယ်လို့​ ပွဲစီစဉ် ကျင်း​ပသူ​တွေက ​ပြောပါတယ်။

အရင်နှစ်​တွေက ဗိုလ်ချုပ်​အောင်ဆန်း​မွေး​နေ့​ကို ကျင်း​ပတဲ့​အခါမှာ အာဏာပိုင်​တွေရဲ့​ ​နှောင့်​ယှက်ဟန့်​တား​မှု​တွေ ရှိခဲ့​ဖူး​ပေမယ့်​ ဒီနှစ် အ​နှောင့်​အယှက်​ပေး​တဲ့​ သတင်း​တွေ မကြား​သိရသလို ​ကျောင်း​သား​လူငယ်​တွေ ပိုမို ပူး​ပေါင်း​ပါဝင်လာတယ်လို့​ ကျင်း​ပသူ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013