Y-8 လေယာဉ်ပေါ် လိုက်ပါသွားသူစာရင်း တပ်မတော် ကြေညာ
DVB
·
June 8, 2017
ပျောက်ဆုံးနေတဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပေါ် လိုက်ပါသွားတဲ့ အရာရှိ၊ စစ်သည်၊ တပ်မတော်မိသားတွေရဲ့ အမည်စာရင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာပါတယ်။
ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ လေယာဉ်အမှုထမ်းတွေ အပါအဝင် အရာရှိ၊ စစ်သည်၊ တပ်မိသားစု စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားတဲ့ တပ်မတော်လေယာဉ်ဟာ မနေ့ မွန်းလွဲပိုင်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ကိုအသွား ထားဝယ်မြို့ အနောက်တောင်ဘက် ၄၃ မိုင်လောက်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။
လတ်တလော လေယာဉ်ပျက်ကျရာ နေရာတ၀ိုက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပြီး ဒီကနေ့မနက် ၁၁ နာရီလောက်ထိ အမျိုးသား ရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနဲ့ ကလေးရုပ်အလောင်း ၄ လောင်း၊ စုစုပေါင်း ၁၀ လောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော်က ကြေညာထားပါတယ်။