A d v e r t i s e m e n t With Us

ပျက်ကျသွားသည့် တပ်မတော်လေယာဉ်မှ ရုပ်အလောင်းတချို့စတင်တွေ့ရှိ

ပျောက်ဆုံးနေတဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းနဲ့ ရုပ်အလောင်းတချို့ စတင်တွေ့ရှိပြီဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်က  ၈ နာရီ ၁၈ မိနစ်မှာ ကျောက်နီမော်ရဲ့ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့ရဲ့ အနောင်တောင်ဘက် ၂၂ မိုင်အကွာ ပင်လယ်ပြင်အတွင်း စတင်ရှာဖွေတွေ့ရှိခဲ့ တာလို့ဆိုပါတယ်။ ပျောက်ဆုံးလေယာဉ်ကို  ယာဉ် ၉ စီး၊ တပ်မတော် လေယာဉ် ၅ စီး၊ ရဟတ်ယာဉ် ၂ စီးနဲ့ မြေပြင်တပ်ဖွဲ့တွေ ဒေသခံပြည်သူတွေပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပူတပြင်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။ မနေ့မွန်းလွဲပိုင်းက တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 200 F အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၀)ဟာ မြိတ်မြို့မှ ရန်ကုန်မြို့သို့အသွား ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက် ၄၃ မိုင်ခန့်အရောက်မှာ  ဆက်သွယ်မှုပြတ်တောက်သွားခဲ့တာပါ။ လေယာဉ်ပေါ်မှာ အမှုထမ်းစုစုပေါင်း ၁၄ ဦး၊ အရာရှိ/စစ်သည် ၃၅ ဦး၊ တပ်မတော် မိသားစုဝင် ကလေး ၁၅ ဦး(ကျား ၆ ဦး၊ မ ၉ ဦး) ၊ လူကြီး ၅၈ ဦး(ကျား ၁၃ ဦး၊ မ ၄၅ ဦး) စုစုပေါင်း ၁၂၂  ဦး လိုက်ပါသွားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up