A d v e r t i s e m e n t With Us

မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာသည့် တပ်မတော်လေယာဉ် ၁ စီး ပျောက်ဆုံးနေ

တပ်မတော်လေယာဉ်တစီး ဒီနေ့ နေ့လယ်ပိုင်းမှာ ပျံသန်းရင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။ အဲဒီလေယာဉ်ဟာ မြိတ်ကနေ ရန်ကုန်ကို အမြင့်ပေ ၁၈၀၀၀ ခန့်က  ပျံသန်း ထွက်ခွာလာတုန်း မွန်းလွဲ ၁ နာရီ ၃၅ မိနစ် အချိန် ထားဝယ်မြို့ရဲ့ အနောက်ဘက် မိုင် ၂၀ လောက်မှာ ပျောက်ဆုံးခဲ့တာပါ။ Y- 8 လေယာဉ်အမျိုးအစားလို့ သိရတဲ့ အဲဒီလေယာဉ်ဟာ ရန်ကုန်-ထားဝယ်-မြိတ်- ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း သက်သာချောင်ချိရေး ပစ္စည်းတွေနဲ့ ခရီးသည်တွေ ပို့ဆောင်တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးလေယာဉ်ကို တပ်မတော်လေယာဉ်၊ ရေယာဉ်တွေနဲ့ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီလေယာဉ်နဲ့ အတူ တပ်မတော်သား မိသားစုဝင် ၁၀၀ လောက် လိုက်ပါသွားတယ်လို့ အတည်ပြုနိုင်သေးတဲ့ သတင်းတွေ ထွက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up