A d v e r t i s e m e n t With Us

စက်မှုသိပ္ပံကျောင်းသားများကို လစဉ် ကျပ် ၃ သောင်း ထောက်ပံ့ကြေးပေးမည်

  ၂၀၁၆ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး စက်မှုသိပ္ပံ ကျောင်းမှာ ၀င်ခွင့်ရ သင်တန်းသူ/သားတွေကို နိုင်ငံတော်က လစဉ်ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ ပညာရေး ၀န်ကြီး ဒုဝန်ကြီး ဦးဝင်းမော်ထွန်း က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။ အမျိုးသားလွှတ်တော်အမတ် ဒေါ်မေသန်းနွဲ့ရဲ့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့မှာ အစိုးရစက်မှုလက်မှုသိပ္ပံ AGTI (ပထမနှစ်) သင်တန်းတွေ စတင်ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိမရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့စဉ် ထည့်သွင်း ပြောဆိုခဲ့တာပါ။ ကျိုက်လတ်မြို့မှာ AGTI သင်တန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ဖို့အတွက် အဆောက်အအုံတွေ ဆရာ/မတွေ ၀န်ထမ်းတွေ ခန့်အပ်နိုင်ဖို့အတွက် ဖြည့်ဆည်းမှုတွေ ဆောင်ရွက်ထားပြီး အောက်တိုဘာလလောက်မှာပဲ  သင်တန်းသားတွေ ခေါ်ယူမယ်လို့ သိရပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားတွေရဲ့ အလုပ်အကိုင်ရရှိစေဖို့၊ တဦးချင်း ၀င်ငွေမြင့်မားစေဖို့နဲ့ သက်မွေး ပညာရပ်အနေနဲ့ အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး အင်ဂျင်နီယာ ဒီပလိုမာ ၃ နှစ်သင်တန်းနဲ့ နည်းပညာ အထက်တန်းကျောင်း ၂ နှစ် သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up