A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအား စောင့်ရှောက်ပေးရန်ကြံ့ခိုင်ရေးပါတီတောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ သက် လူမျိုးတွေ တိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး မျိုးနွယ်တူ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အတွက် ဆောင်ရွက်ပေးဖို့ ကြံ့ခိုင်ရေးပါတီက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ “ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်လည်း မိမိနိုင်ငံအတွင်းရှိ လူနည်းစုများ၏ အခွင့်အရေးအတွက် အထူးအာရုံစိုက် ကာကွယ်ပေးသကဲ့သို့ တဖက်နိုင်ငံအတွင်းရှိ မိမိတို့ မျိုးနွယ်တူ လူနည်းစုများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူ့အခွင့်အရေးအတွက် အစိုးရချင်း ဆက်သွယ်ညှိနှိုင်း၍ စောင့်ရှောက်ပေးနိုင်ပါရန် တောင်းဆို တိုက်တွန်းအပ်ပါသည်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကိုလည်း ပြစ်မှု ကျူးလွန်မှုအတွက် ထိုက်သင့်တဲ့ စုံစမ်းမှု ဖော်ထုတ်တာနဲ့ အပြစ်ပေးအရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။ အလားတူပဲ မဘသအဖွဲ့ကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကလည်း ဇွန်လ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာနိုင်ငံအစိုးရ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်း အသီးသီးအနေနဲ့ မတရားသော အကြမ်းဖက်လု ပ်ရပ်တွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up