မြိုင်အုပ်ချုပ်​ရေး​မှူး​ အန်အယ်လ်ဒီ​ဈေး​ရောင်း​ပွဲ ပိတ်ပင်

မ​ကွေး​တိုင်း​ မြိုင်မြို့​နယ်က ဘုရား​ပွဲတခုမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရန်ပုံ​ငွေ​ဈေး​ရောင်း​ပွဲကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ပိတ်ပင်လို့​ ​ရောင်း​ချခွင့်​မရဘဲ ပိတ်လိုက်ရပါတယ်။ သုံး​ရက်ဆက်တိုက် ဘုရား​ပွဲကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က သူကိုယ်တိုင်မလာဘဲ ဘုန်း​ကြီး​တွေက တဆင့်​ ပိတ်ခိုင်း​တာလို့​ ဆိုပါတယ်။ အခုလ ၈ ရက်​နေ့​ကစတဲ့​ မြိုင်မြို့​နယ် ရွာတန်း​ရှည်​ကျေး​ရွာ ဆီအုန်း​တောင် ​ကျေး​ရွာဘုရား​ပွဲမှာ မန္တ​လေး​ကလာတဲ့​ နာမည်ကြီး​ ​ရွှေမန်း​သဘင်ရဲ့​ဇာတ်ကို ကပြပါတယ်။ အဲဒီပွဲမှာ မြိုင်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဗိုလ်ချုပ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ပုံပါ တီရှပ်​တွေ၊​ ​သော့​ချိတ်​တွေ၊​ ဦး​ထုပ်​တွေ ရန်ပုံ​ငွေအတွက် ​ရောင်း​တာကို ညကိုး​နာရီ​လောက်မှာ လာ​ရောက်ပိတ်ပင်ခံရတာဖြစ်ပါတယ်။ မြိုင်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦး​အောင်ခင်ဝင်း​က “ည ၉နာရီ​လောက်မှာ သံဃာ​တော်​တွေက လာပြီး​တော့​ ဘာသာ​ရေး​ပွဲ​တွေမှာ နိုင်ငံ​ရေး​ပါတီ အ​ရောင်း​ဆိုင်​တွေ ခွင့်​မပြုဘူး​လို့​ လာ​ပြော​တော့​ အာနန္ဒာဘုရား​ပွဲ​တော်မှာလည်း​ ​ရောင်း​တာပဲလို့​ ​ပြော​တော့​ အဲ့​ဒါ​တွေကထား​ပါတဲ့​။ တကယ်လို့​ ဒကာတို့​က ဆိုင်မပိတ်ရင် ပွဲမိန့်​ပိတ်မယ်တဲ့​။ အဲဒါနဲ့​ ဘုန်း​ဘုန်း​ တပည့်​တော်တို့​က​တော့​ ပွဲ​တော့​ အပျက်မခံဘူး​။ အဲဒါနဲ့​ ၁၁ နာရီ​လောက်မှာ အစား​ထိုး​ပွဲမိန့်​ဆိုတာ ​ရောက်ချလာတယ်။ အစား​ထိုး​တဲ့​ ပွဲမိန့်​ရဲ့​ အပိုဒ် ဇ ခွဲမှာ နိုင်ငံ​ရေး​ပါတီ အ​ရောင်း​ဆိုင်​တွေကို ဘာသာ​ရေး​ပွဲ​တွေမှာ ခွင့်​မပြုဘူး​ဆိုတာ မြို့​နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေး​မှူး​ လက်မှတ်ထိုး​ပြီး​ ကျလာတယ်” လို့​ ​ပြောပါတယ်။ သူတို့​ဈေး​ရောင်း​တယ်ဆိုတာကို သိတဲ့​အတွက် မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က တမင်အကွက်ဆင်ပြီး​ တား​ခဲ့​တာလို့​ ဆိုပါတယ်။ အုပ်ချုပ်​ရေး​အာဏာပိုင်ရဲ့​ ဒီပိတ်ဆို့​မှုအ​ပေါ် ဦး​အောင်ခင်ဝင်း​က “အခုက မ​ကွေး​တိုင်း​မှာ အဆိုး​ဆုံး​ ဖြစ်​နေတာ။ စာ​ပေ​ဟော​ပြောပွဲ​တွေလည်း​ ပိတ်၊​ ​ဈေး​အ​ရောင်း​ဆိုင် ရန်ပုံ​ငွေ ရှာပွဲ​တွေလည်း​ ပိတ်၊​ မ​ကွေး​တိုင်း​မှာကို ဖြစ်​နေတာ။ တရား​မဝင် ပစ္စည်း​လည်း​ ​ရောင်း​တာမဟုတ်ဘူး​လေ။ ဘိန်း​ရောင်း​တာလည်း​ မဟုတ်ဘူး​။ ကျ​နော်တို့​က​တော့​ လာမယ့်​ ဘုန်း​ကြီး​ပျံပွဲ​တွေမှာ ဆက်​ရောင်း​ချင်တာပဲဗျ။” မကြာခင်မှာ ဘုန်း​ကြီး​ပျံပွဲ​တွေ၊​ တ​ပေါင်း​လပြည့်​ပွဲ​တွေလည်း​ လာ​တော့​မှာဖြစ်လို့​ ရန်ပုံ​ငွေ ​ဈေး​ရောင်း​ချခွင့်​ရဖို့​ ကြိုး​ပမ်း​မယ်လို့​ သူက ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up