ပီရူးတွင် နွားရိုင်းများကို ဒေါသထွက်အောင် ဆွပေးပြီး ကစားသည့်ပွဲအတွင်း လူ ၁၂ ဦး ဒဏ်ရာရ (ရုပ်သံ)
Published By
DVB | 6 June, 2017
1.2K
0
Share
0
Comment
0
Likes
ပီရူးနိုင်ငံမှာ ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရိုးရာနွားရိုင်းပွဲတော်တွင်းမှာ အနည်းဆုံး လူ ၁၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
အဲဒီ နွားရိုင်းပွဲတော်ကို ယာလားတိုရို (Jala Toro) လို့ ဒေသခံတွေက ခေါ်ကြပြီး ပွဲတော်ဆင်နွှဲဖို့ လာရောက်ကြသူတွေက နွားရိုင်းတွေကို ဒေါသထွက်လာအောင် စိတ်ကိုဆွပေးပြီး ကစားကြရတာမျိုးပါ။
ဒေသခံသတင်းမီဒီယာတွေမှာတော့ ဒဏ်ရာရခဲ့ကြသူအများစုဟာ အရက်မူးနေသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပေမယ့်လည်း ဒီပွဲတော်ကို ရက်သတ္တတပတ်ကြာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ခုလို နွားရိုင်းသတ်ပွဲတွေဟာ ပီရူး၊ ကိုလံဘီယာနဲ့ မက္ကဆီကိုနိုင်ငံတွေမှာလည်း လူကြိုက်များပြီး တရားဝင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။