Saturday, June 10, 2023
ကေအန်ယူ/​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့
မြန်မာအစိုး​ရနဲ့​ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကမှ ငြိမ်း​ချမ်း​ရေး​ သ​ဘောတူညီမှု ရထား​တဲ့​ ​ကေအန်ယူ / ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ ​ကောင်စီအဖွဲ့​ဟာ ဒီက​နေ့​ ည​နေပိုင်း​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သူရဲ့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ သွား​ရောက်​တွေ့​ဆုံခဲ့​ပါတယ်။
ငြိမ်း​ချမ်​ရေး​ကောင်စီ ဥက္ကဋ္ဌ ​စော​ဌေး​မောင်နဲ့​အတူ အဖွဲ့​ဝင် ၁၄ ဦး​ လိုက်ပါသွား​ပြီး​ ​ဒေသဖွံ့​ဖြိုး​ရေး​ကိစ္စ​တွေနဲ့​ တိုင်း​ရင်း​သား​အ​ရေး​ ကိစ္စ​တွေကို ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။
တွေ့​ဆုံအပြီး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​စော​ဌေး​မောင်တို့​ နှစ်ဖက် သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ခဲ့​တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် ဦး​ခွန်သာမြင့်​က ​ပြောပါတယ်။
“ဗိုလ်ချုပ်ကြီး​စော​ဌေး​မောင် ဦး​ဆောင်ပြီး​တော့​ပေါ့​၊​ ဗိုလ်မှူး​ချုပ် ​ဒေါက်တာတင်မသီဆိုတာ ပါတယ်။ ​နောက် ဗိုလ်မှူး​ကြီး​ ၂ ​ယောက်ပါတယ်။ ဗိုလ်မှူး​ ၃ ​ယောက်ပါတယ်။ ​နောက် တခြား​ အမျိုး​သမီး​တွေလည်း​ ပါပါတယ်။ ကား​ ၂ စီး​နဲ့​ လာတာ​ပေါ့​လေ၊​ ၁၄​ယောက်။ အဲဒါနဲ့​ အစ်မနဲ့​ ​ပြောကြပါတယ်။ သတင်း​စာရှင်း​လင်း​ပွဲ​လေး​ လုပ်ပါတယ်။ ဗိုလ်ချုပ်ကြီး​ ​စော​ဌေး​မောင်က​တော့​ ကရင်လို ​ပြောတယ်​ပေါ့​။ ​ဒေါက်တာတင်မသီက ဘာသာပြန်ပါတယ်။ အစ်မကလည်း​ ခဏ​ပြောပါတယ်။”
ကေအန်ယူ၊​ ​ကေအန်အယ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီအဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီ ၇ ​နေ့​မှာ အစိုး​ရရဲ့​ ပြည်​ထောင်စု ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ အဖွဲ့​နဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ပြီး​ ကရင်ပြည်နယ် ငြိမ်း​ချမ်း​ရေး​အတွက် ပဏာမ သ​ဘောတူညီချက် လက်မှတ် ​ရေး​ထိုး​ခဲ့​ပါတယ်။
ဒါဟာ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ​နေအိမ်အကျယ်ချူပ်ကျ​နေရာမှ လွတ်​မြောက်အပြီး​မှာ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​အစည်း​တွေထဲက ​ကေအန်ယူ/​ကေအန်အယ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီကို ပထမဦး​ဆုံး​ ​တွေ့​ဆုံခဲ့​တာလည်း​ ဖြစ်ပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular