DVB Logo
Home
မြန်မာသတင်း
အရှင်ဂမ္ဘီရကို လာ​ရောက်​ခေါ်​ဆောင်
DVB
·
February 10, 2012
အရှင်ဂမ္ဘီရကို လာ​ရောက်​ခေါ်​ဆောင်
Donate to DVB

ရန်ကုန်တိုင်း​ဒေသကြီး​အစိုး​ရက သံဃာတပ်​ပေါင်း​စု​ခေါင်း​ဆောင်အရှင်ဂမ္ဘီရကို သူ ယာယီသီတင်း​သုံး​နေတဲ့​ သင်္ဃန်း​ကျွန်း​မြို့​နယ် လယ်တီ ဝိပဿနာ ​ကျောင်း​တိုက်က​နေ ဒီမနက် ၁ နာရီခွဲမှာ လာ​ရောက်​ခေါ်​ဆောင်သွား​ပါတယ်။

[caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"][/caption]

အရှင်ဂမ္ဘီရနဲ့​အတူ သီတင်း​သုံး​နေတဲ့​ မဂ္ဂင်​ကျောင်း​တိုက်ဆရာ​တော် ဦး​ဣိန္ဒက က “ဦး​ဂမ္ဘီရကို သုံး​ကြိမ်တိတိ​ခေါ်တာ ​ရောက်မလာတဲ့​အတွက်​ကြောင့်​ ဆရာ​တော်​တွေဘက်က ဆုံး​မဩဝါဒ​ပေး​ဖို့​ အခန်း​ကဏ္ဍပြီး​ဆုံး​သွား​ပြီဆိုတဲ့​ ပုံစံမျိုး​နဲ့​ အာဏာပိုင်​တွေက ဦး​ဂမ္ဘီရကို လာ​ရောက်​ခေါ်တာပဲ​လေ။ လာ​ခေါ်​တော့​ ကျုပ်က တံခါး​ဖွင့်​ပေး​ပြီး​ ဘာကိစ္စလဲလို့​ ​မေး​တော့​ တပည့်​တော်တို့​ ဦး​ဂမ္ဘီရနဲ့​ ​တွေ့​ချင်လို့​ပါတဲ့​။ ဘာကိစ္စလဲ ဦး​ဂမ္ဘီရကို ဖမ်း​မလို့​လား​လို့​ ​မေး​တော့​ ဖမ်း​မှာ​တော့​ မဟုတ်ပါဘူး​ဘုရား​တဲ့​။ သူ့​ကို ယာယီ​ခေါ်ပြီး​တော့​ ​ဆွေး​နွေး​တိုင်ပင်ချင်လို့​ပါတဲ့​။ အဲဒီလိုမျိုး​ ​လျှောက်သွား​တယ်။ လာတဲ့​အဖွဲ့​တွေက ​ပြောပု၊ံဆိုပုံ၊​ ဆက်ဆံပုံက တကယ့်​ညင်ညင်သာသာပါပဲ။ ဦး​ဂမ္ဘီရလည်း​ ညင်ညင်သာသာပဲ လိုက်သွား​ပါတယ်။ ရန်ကုန်တိုင်း​ အစိုး​ရဌာနကလို့​ ​ပြောသွား​တယ်။” လို့ မိန့်ပါတယ်။

မ​နေ့​ မွန်း​တည့်​ပိုင်း​ ဩဝါဒ​ပေး​ဖို့​ ဆင့်​ခေါ်ချက်ကို အရှင်ဂမ္ဘီရက သွား​ဖို့​ ပြင်ဆင်ထား​ပေမယ့်​ သာသနာ​ရေး​ရာဝန်ထမ်း​နဲ့​ အရှင်ဂမ္ဘီရအကြား​ စကား​ကောက်ယူတာ လွဲမှား​မှု​ကြောင့်​ မသွား​ဖြစ်ခဲ့​ဘူး​လို့​ ဆရာ​တော်က မိန့်​ပါတယ်။

“၉ ရက်​နေ့​က သံဃမဟာနာယက က ဆုံး​မဩဝါဒခံယူဖို့​ သူ့​ကို ဆင့်​စာ ​ခေါ်ထား​တယ်။ သာသနာ​ရေး​ဌာနနဲ့​ ဦး​ဂမ္ဘီရကြား​မှာ နည်း​နည်း​လေး​ အတိမ်း​အ​စောင်း​ ဖြစ်သွား​တယ်။ သာသနာ​ရေး​ဌာနက ဒကာကြီး​ ​လျှောက်သွား​တာက အဲဒီ​နေ့​မှာ မြို့​နယ်က သံဃမဟာနာယက ဆရာ​တော်တပါး​ရယ်၊​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ရယ်၊​ ဦး​ဂမ္ဘီရရယ်ကို သူတို့​ ကား​နဲ့​ လာ​ခေါ်လိမ့်​မယ်ဆိုပြီး​ ​ပြောသွား​တော့​ ဦး​ဂမ္ဘီရက အဲဒါကို ​စောင့်​နေ​တော့​ သူတို့​ချိန်း​တဲ့​အချိန် ​ရောက်မသွား​ဘူး​။ ဦး​ဂမ္ဘီရကလည်း​ သွား​ဖို့​ အဆင်သင့်​ပြင်ထား​ပြီး​သွား​ပြီ။ အဲဒီမှာ နည်း​နည်း​လေး​ လွဲသွား​တယ်။”

ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ဦး​ဆောင်တာ​ကြောင့်​ ​ထောင် နှစ်​ခြောက်ဆယ်​ကျော် ကျရာက​နေ ပြန်လွတ်လာတဲ့​ အရှင်ဂမ္ဘီရဟာ ​ကျောင်း​တိုက် ချိပ်ပိတ်ခံရတဲ့​ မဂ္ဂင်ဆရာ​တော်ရဲ့​ သင်္ဃန်း​ကျွန်း​ ​ကျောင်း​တိုက် ​ကျောင်း​ဖွင့်​သီတင်း​သုံး​တဲ့​အ​ပေါ် သက်ဆိုင်ရာက​နေ ခွင့်​ပြုချက်မယူဘဲ ​နေထိုင်တဲ့​အတွက် ပြစ်မှုဖြစ်တယ်ဆိုပြီး​ ဆုံး​မ​ပေး​ဖို့​ နိုင်ငံ​တော်သံဃာမဟာနာယကကို တင်​လျှောက်ပါတယ်။ နိုင်ငံ​တော် သံဃမဟာနာယကဆရာ​တော်​တွေက ဩဝါဒ​ပေး​ဖို့​ ဆင့်​ခေါ်ရာမှာ သုံး​ကြိမ်ပျက်ကွက်လို့​ဆိုပြီး​ အာဏာစက်နဲ့​ လာ​ရောက်​ခေါ်​ဆောင်သွား​တာပါ။

အခုအချိန်ထိ အရှင်ဂမ္ဘီရကို ဘယ်​ခေါ်သွား​ပြီး​ ဘယ်​ရောက်​နေတယ်ဆိုတာ မသိရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013