A d v e r t i s e m e n t With Us

ချိပ်ပိတ်ထား​သည့်​ မဂ္ဂင်​ကျောင်း​တိုက်ကို ပြန်ဖွင့်​ပေး​မည်

ချိပ်ပိတ်ထား​တဲ့​ ရန်ကုန်တိုင်း​ သင်္ဃန်း​ကျွန်း​မြို့​နယ်က မဂ္ဂင်​ကျောင်း​တိုက်ကို ဒီက​နေ့​ မွန်း​လွဲတနာရီမှာ ပြန်လည်ဖွင့်​လှစ်​ပေး​မယ်လို့​ မဂ္ဂင်​ကျောင်း​တိုက်ဆရာ​တော် ဦး​ဣိန္ဒကကို မြို့​နယ်သံဃမဟာနာယက က ​လျှောက်ထား​ပါတယ်။ မဂ္ဂင်​ကျောင်း​ဆရာ​တော် ဦး​ဣိန္ဒက “ဒီ​နေ့​ဖွင့်​ဖို့​ သူတို့​အ​ကြောင်း​ကြား​တယ်။ ရန်ကုန်တိုင်း​ သာသနာ​ရေး​မှူး​ ဦး​ဇော်​ဇော်ဦး​က​နေပြီး​တော့​ သင်္ဃန်း​ကျွန်း​မြို့​နယ်ဥက္ကဋ္ဌဆီကို ဖုန်း​လှမ်း​ဆက်တာ​လေ။ အဲဒီ​တော့​ ​နေ့​ခင်း​ ၁၂ နာရီခွဲ​လောက်ကို ​ရောက်လာလိမ့်​မယ်ထင်တာပဲ။ ​ရောက်လို့​ရှိရင် ကျုပ်တို့​ကို ဒီ​ကျောင်း​က​နေ လာ​ခေါ်မယ်လို့​ သူတို့​ ​ပြောထား​တယ်။” လို့​ မိန့်​ပါတယ်။ အစိုး​ရက မဂ္ဂင်​ကျောင်း​ကို ​ရွှေဝါ​ရောင်​တော်လှန်​ရေး​အပြီး​မှာ ​ကျောင်း​ထိုင်ဆရာ​တော်ကိုပါ ဖမ်း​ပြီး​ ​ကျောင်း​ကိုချိပ်ပိတ်ခဲ့​ပါတယ်။ ဒီနှစ် ဇန်နဝါရီလဆန်း​မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်တဲ့​အခါ ပြန်သီတင်း​သုံး​နေကြတာပါ။ ဒီ​နောက် ခွင့်​ပြုချက်မရှိဘဲ ပြန်​နေတာဟာ ပြစ်မှု​မြောက်တယ်လို့​ သံဃမဟာနာယက က ဆုံး​ဖြတ်ပြီး​ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​မှာ ပြန်ချိပ်ပိတ်ခဲ့​တာ​ကြောင့်​ အနီး​နား​က သင်္ဃန်း​ကျွန်း​မြို့​နယ် ဥက္ကဋ္ဌ ဆရာ​တော် သီတင်း​သုံး​နေတဲ့​ လယ်တီ ဝိပဿနာ​ကျောင်း​တိုက်မှာ ​ပြောင်း​ရွှေ့​ သီတင်း​သုံး​နေတာပါ။

A d v e r t i s e m e n t With Us

More News
Up