ဗျောက်အိုးသံကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်နေသည့် လူအုပ်ကြီး အထိတ်တလန့်ထွက်ပြေး၊ အယောက် ၄၀၀ ကျော် ဒဏ်ရာရ (ရုပ်သံ)

ဇွန်လ ၃ ရက် ညက အီတလီနိုင်ငံ တူရင်မြို့ ဆန်ကာလိုရင်ပြင်မှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကြည့်နေတဲ့ လူအုပ်ကြီးဟာ မီးပန်း ဗျောက်အိုးဖောက်သံကြောင့် ရင်ပြင်ကနေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် လူ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး အယောက် ၄၀၀ ကျော် ဒဏ်ရာအနည်းငယ် ရခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲမှာ လူနင်းခံရတဲ့ ၇ နှစ်သား ကလေးငယ်တဦးလည်း ပါတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ရဲ့ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲ ဒုတိယပိုင်း ကစားနေချိန်အတွင်း လူအုပ်ကြီးရဲ့ အလယ်ကနေ ရုတ်တရက် ဝရုန်းသုန်းကားဖြစ်ပြီးနောက် လူတွေအကုန်လုံး ရင်ပြင်ရဲ့ အပြင်ဘက်ကို ကြောက်လန့်တကြား ပြေးထွက်ခဲ့ကြတာပါ။ ဗျောက်အိုးဖောက်သံကို ဗုံးပေါက်တယ်ထင်ပြီး ထွက်ပြေးကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် မြေပြင်ပေါ်မှာ အိတ်တွေ၊ ဖိနပ်တွေ ပြန့်ကျဲကျန်နေခဲ့တာ တွေ့ရသလို အမျိုးတွေ၊ သူငယ်ချင်းတွေကို လိုက်ရှာနေသူတွေကိုလည်း တွေ့ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up