ကြယ်ပဲ ထုတ်လုပ်ရောင်းချမှုအား ပြန်လည်သုံးသပ်ရန် ဦးဖြိုးမင်းသိန်းပြော
အာကာ
·
June 3, 2017
ပြည်တွင်းမှာ ခေတ်စားနေတဲ့ ကြယ်ပဲ ထုတ်လုပ်ရောင်းချ စားသုံးမှုကို ပြန်လည်သုံးသပ်ရမယ့် အခြေအနေရှိနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒီနေ့ ကုန်သည်စက်မှု အသင်းချုပ်UMFCCI မှာပြုလုပ်တဲ့ “ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသောစားသောက်ကုန်များဆီသို့” ဆွေးနွေးပွဲမှာ အခုလိုပြောဆိုသွားတာ ပါ။
“ကျနော်တို့ဆီမှာ တအားခေတ်စားနေတဲ့ ကြယ်ပဲ လို ကိစ္စမျိုးဆိုရင် ပြန်လည် သုံးသပ်ရမယ့်အခြေအနေ ရှိနေပါတယ်။ ဒီဟာက အသည်းကိုထိခိုက်စေနိုင်တယ်လို့ အသည်းရဲ့ အင်ဇိုင်းကို အများကြီးတက်စေနိုင်တယ်လို့ဆိုသလို တချို့ကလည်း ဒီဟာဟာ ကျန်းမာရေနဲ့ ညီညွတ်တယ် စားရမယ်ဆိုပြီးဖြစ်နေတဲ့ အခြေနေမျိုးရှိပါတယ်။ ဒီအတွက် ကျန်းမာရေးဌာန ဘက်က ထောက်ခံချက်မပါဘဲ ထုတ်လုပ်ဖြန့်ချိရာင်းချနေတာတွေဟာ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲပါနေတာတွေရှိပါတယ်။ ဒီလိုအခြေနေတွေကို အများပြည်သူကျန်းမာရေးအတွက် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာ ရေရှည် လုပ်သွားရမှာဖြစ်ပါတယ်” ၀န်ကြီးချုပ်က ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ခင်ချစ်က “ကြယ်ပဲနဲ့ပတ်သတ်ပြီး စိုက်ပျိုးရေး နဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အာကာ