အမေရိကန်နှင့်ဂျပန် ရေတပ်စစ်သင်္ဘောများ ပူးတွဲစစ်ရေးလေ့ကျင့် (ရုပ်သံ)
Published By
DVB | 3 June, 2017
1.4K
0
Share
0
Comment
0
Likes
အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson နဲ့ the USS Ronald Reagan တို့ဟာ ဂျပန်ပင်လယ်ထဲမှာ ဂျပန်ရေတပ်နဲ့အတူ သင်တန်းပေးလေ့ကျင့်မှုကို ဇွန် ၁ ရက်နေ့က လေ့ကျင့်ပါတယ်။
လတ်တလောမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု တိုးနေတဲ့ကြားက ဂျပန်သင်္ဘော ၂ စီးနဲ့အတူ လေ့ကျင့်တာပါ။
မြောက်ကိုရီးယားရဲ့ အရှိန်မြင့်နေတဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ဟန့်တားဖို့ မြောက်ကိုရီးယားကို ဖိအားပေးဖို့ရည်ရွယ်ပြီး ၃ ရက်တာ လေ့ကျင့်မယ်လို့ သိရပါတယ်။
ဂျပန်ရေတပ်က ရဟတ်ယာဉ်တင် သင်္ဘောလေးစီး ရှိတဲ့အထဲက သင်္ဘော ၂ စီး စေလွှတ်ထားပါတယ်။ အမေရိကန် လေယာဉ်တင် သင်္ဘောတွေမှာတော့ ကင်းလှည့် သင်္ဘော ၈စီးပါတယ်လို့ ဂျပန်စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဂျပန်ပင်လယ်ဟာ ဂျပန်ကျွန်းစုနဲ့ ကိုရီးယား ကုန်းမကြီးရဲ့ကြားမှာ ရှိတာပါ။ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်လာအပြီး အမေရိကန်က ဒေသတွင်းကို သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုလုပ်ဖို့ ရှိနေပြီး အမေရိကန် ကုန်းမကြီးထိ ရောက်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကိုလည်း တီထွင် နေပါတယ်။
ဂျပန်ရေတပ်နဲ့ အမေရိကန်ရေတပ်ကတော့ အာရှပစဖိတ်ဒေသတွင်း ဘေးကင်း တည်ငြိမ်ရေးအတွက် တပ်တွေ အသင့်ဖြစ်မှု တိုးတက်အောင် ပုံမှန် သင်တန်းပေးနေပါတယ်။