ကန်တော်ကြီးတွင် လူငယ် ၂ ဦး ရေနစ်သေဆုံးမှု မီးသတ်တပ်ဖွဲ့ ရှာဖွေဆယ်ယူသည့်ရုပ်သံ
DVB
·
June 3, 2017
မင်္ဂလာတောင်ညွှန့် မြို့နယ် ကန်တော်ကြီး ကန်အတွင်း ဇွန်လ ၂ ရက်နေ့က ၁၆ နှစ် လူငယ်နှစ်ဦး ရေနစ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ကန်တော်ကြီး ကန်အတွင်း ဇွန် ၂ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ က လူနှစ်ဦး ရေနစ်နေကြောင်းသတင်းရရှိလို့ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံးက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး နဲ့ ကယ်ဆယ်ရေး ပြုလုပ်ခဲ့ပြီး ညနေ ၆ နာရီခွဲမှာ တဦးကိုနဲ့ ၈ နာရီ ၅၅ မိနစ်မှာ တဦးတို့ရဲ့ အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။