DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ ဆန္ဒပြအလုပ်သမား​များ​ကို အလုပ်ဖြုတ်မည်ဟု သတိ​ပေး
DVB
·
February 8, 2012
Donate to DVB

လစာတိုး​ပေး​ရေး​ ​တောင်း​ဆိုဆန္ဒပြ​နေတဲ့​ အလုပ်သမား​တွေကို ဆက်ပြီး​ ဆန္ဒပြမယ်ဆိုရင် အလုပ်က ဖြုတ်ပစ်မယ်လို့​ အလုပ်ရှင်က သတိ​ပေး​လိုက်တဲ့​အတွက် မ​ကျေမနပ်ဖြစ်​နေကြပါတယ်။

ရန်ကုန်၊​ လှိုင်သာယာစက်မှုဇုန်ထဲက တရုတ်လူမျိုး​တဦး​ပိုင်တဲ့​ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား​ ၂ ​ထောင်​ကျော်ဟာ လစာတိုး​ပေး​ဖို့​အပါအဝင်၊​ သူတို့​ရဲ့​ နစ်နာချက်​တွေရရှိ​ရေး​အတွက် ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​ကစလို့​ သုံး​ရက်ဆက်တိုက် ဆန္ဒပြု​နေကြတာပါ။

ဒီ​နေ့​မှာ အလုပ်ရှင်ရဲ့​ ကိုယ်စား​လှယ်​ရောက်လာပြီး​ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုချက်ကို မလိုက်​လျောနိုင်တဲ့​အ​ကြောင်း​၊​ ​နောက်ထပ် ၃ ရက် အလုပ်မရှင်း​ဘဲ ဆက်ဆန္ဒပြမယ်ဆိုရင် အလုပ်ဖြုတ်မယ်လို့​ သတိ​ပေး​သွား​တဲ့​အတွက် မ​ကျေမနပ်ဖြစ်​နေကြတာပါ။

ဆန္ဒပြပွဲကို သွား​ကြည့်​ခဲ့​တဲ့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က “အလုပ်ရှင်က ​နောက်ထပ် ၃ ရက်ထက်ပိုပြီး​ အလုပ်မဆင်း​ရင် အလုပ်ကထုတ်ခံရမယ်။ ​ကျွေး​တဲ့​လက်ကို ပြန်ကိုက်တယ်ဆိုပြီး​ ​ခွေး​နဲ့​နှိုင်း​ပြီး​ ​ပြောတယ်။ အလုပ်ရှင်က ခြိမ်း​ခြောက်တယ်ဆိုပြီး​တော့​ မခံမရပ်နိုင်ဖြစ်ပြီး​ အလုပ်ရှင်နဲ့​ အလုပ်သမား​ဦး​စီး​တွေ ရှင်း​ပေး​တာကို လက်မခံဘူး​ဆိုပြီး​ ​ဝေး​ဆိုပြီး​ ​အော်ပြီး​ အလုပ်ရုံအပြင်ကို ထွက်သွား​ကြတယ်။ အပြင်မှာ ဝိုင်း​အော်ကြပြီး​ အလုပ်ရှင်ကို ​ရေသန့်​ဘူး​တွေနဲ့​ ​ပေါက်တယ်။ အလုပ်ရုံကို ပိတ်​ပေး​ဖို့​၊​ မပိတ်​ပေး​ခဲ့​ရင် သူတို့​တောင်း​ဆိုတာ ​ပေး​ဖို့​ဆိုပြီး​ အလုပ်ရုံထဲမှာ စီတန်း​ပြီး​အော်​နေကြတယ်” လို့​ ​ပြောပါတယ်။

အလုပ်သမား​တွေက လခတိုး​ပေး​ရေး​နဲ့​ အလုပ်ချိန်​လျှော့​ပေး​ဖို့​၊​ အလုပ်သမား​တွေအချင်း​ချင်း​ကြား​မှာ အခွင့်​အ​ရေး​ တန်း​တူမ​ပေး​ဘဲ ခွဲခြား​ဆက်ဆံတာ၊​ အလုပ်စည်း​ကမ်း​တွေ တင်း​ကျပ် လွန်း​တာ​တွေကို ​လျှော့​ပေး​ဖို့​အပါအဝင် အချက် ၁၁ ချက်ကို ​တောင်း​ဆိုခဲ့​ကြပါတယ်။

မ​နေ့​ကစလို့​ စက်ရုံအဝင်အထွက် လမ်း​မ​တွေကို ရဲ​တွေက ပိတ်ထား​လိုက်ပါတယ်။ အလုပ်သမား​တွေက​တော့​ ​တောင်း​ဆိုချက်​တွေရတဲ့​အထိ ဆန္ဒပြသွား​မယ်လို့​ ​ပြောပါတယ်။

ဆန္ဒပြအလုပ်သမတဦး​က “ပုံမှန်လစာ ဆု​ကြေး​ပါတယ်။ အချိန်ပို​ကြေး​ပါတယ်။ တာဝန်​ကျေ​ကြေး​၊​ ရက်မှန်​ကြေး​၊​ အား​လုံး​ပေါင်း​မှ ​ခြောက်​သောင်း​ခွဲ​လောက် ရတယ်။ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလက ပိတ်ရက်က အမျိုး​မျိုး​ ၈- ၉ - ၁၀ ရက်ရှိတယ်။ အဲဒီပိတ်ရက်​တွေကို ဖြတ်ချလိုက်တယ်။ အဲဒါ​ကြောင့်​ အများ​ကြီး​ကွာသွား​တာ။ ၈ ​ထောင်၊​ ၉ ​ထောင်၊​ ၁ ​သောင်း​ အဲဒါမျိုး​ ဖြတ်ချသွား​တယ်” လို့​ ​ပြောပါတယ်။

ဒီစက်ရုံမှာ တ​နေ့​ အလုပ်ချိန် ၈ နာရီထက်ပိုခိုင်း​ရုံသာမက၊​ တနင်္ဂ​နွေနဲ့​ အစိုး​ရ ရုံး​ပိတ်ရက်​တွေအတွက်ပါ လခထဲက ဖြတ်တဲ့​အ​ပေါ်မှာ အလုပ်သမား​တွေက မ​ကျေမနပ်ဖြစ်​နေကြတာပါ။

ဆန္ဒပြ​ခေါင်း​ဆောင်တဦး​ကလည်း​ စက်ရုံထဲက အလုပ်သမား​တွေဟာ နှစ်​ပေါင်း​များ​စွာ ဥပ​ဒေချိုး​ဖောက်တာကို ခံ​နေရတယ်လို့​ ​ပြောပါတယ်။

“အဓိကကျတဲ့​ သူတို့​ရဲ့​ချိုး​ဖောက်မှုက ဒီစက်ရုံက ၁၅ နှစ်နီး​ပါး​ရှိပြီ။ ၁၅ နှစ်လုံး​မှာ ပိတ်ရက်​တွေကို အလုပ်သမား​ကို လုပ်ခလုံး​ဝမ​ပေး​bဲနဲ့​ ပစ်ထား​တယ်။ ၆ ရက်လုပ်မယ်၊​ တပတ်တရက် ပိတ်တယ်။. အဲဒီတရက်က အလုပ်လုပ်တယ်လို့​ သတ်မှတ်တယ်။ ဥပ​ဒေအရ၊​ ဒါ​ပေမယ့်​ အဲဒါကို မ​ပေး​ဘူး​၊​ နာရီ​ကြေး​နဲ့​ပေး​တယ်။ တနာရီ​ကြေး​နဲ့​ပဲ ​ပေး​သွား​တယ်။ တပတ်မှာ ၄၈ နာရီဆိုရင် ၄၈ နာရီခပဲ​ပေး​တယ်။ တနင်္ဂ​နွေခ လုံး​ဝမ​ပေး​ဘူး​။”

စက်ရုံမှာ မနှစ်တုန်း​ကလည်း​ အလား​တူ ဆန္ဒပြမှုဖြစ်ခဲ့​ပြီး​ သက်ဆိုင်ရာက ဝင်​ရောက် ​ဖြေရှင်း​ပေး​ခဲ့​ဖူး​ပါတယ်။

လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က​တော့​ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေကို အကာအကာ​ပေး​နိုင်တဲ့​ အဖွဲ့​အစည်း​လိုအပ်​နေတဲ့​အ​ကြောင်း​ ​ပြောသွား​ပါတယ်။

“အစိုး​ရက မြို့​နယ်တိုင်း​ကို အလုပ်သမား​အဖွဲ့​တွေ ဖွဲ့​ထား​ပေး​တာ အလကား​ဖွဲ့​ပေး​ထား​တာ မဟုတ်ဘူး​။ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေကို ချိုး​ဖောက်ခံရတာကို ကာကွယ်​ပေး​ဖို့​ ဖွဲ့​စည်း​ပေး​ထား​တာ။ အခုလိုမျိုး​ စက်ရုံအလုပ်ရုံမှာ ဖြစ်ပျက်​နေတဲ့​ ပြဿနာအရပ်ရပ်ကို သူတို့​က စုံစမ်း​ရမယ်။ လဘ်​ပေး​လဘ်ယူ လုပ်ပြီး​ အလုပ်ရှင်​တွေဘက်က ကာကွယ်တာမျိုး​ မလုပ်ရဘူး​။ အလုပ်သမား​တွေအတွက်ကို တကယ့်​ သား​သမီး​အရင်း​လို၊​ မိသား​စု အရင်း​အချာလို သ​ဘောထား​ပြီး​တော့​ ကာကွယ်​ပေး​ဖို့​ လိုအပ်ပါတယ်။ အလုပ်သမား​တွေက သူတို့​မှာ မချိမဆံ့​ခံစား​ရလို့​ ရင်ထဲက​နေ ​ပေါက်ကွဲပြီး​ထွက်လာတာပါ။ အလုပ်ပြုတ်မှာတို့​၊​ ဒုက္ခ​ရောက်မှာတို့​ကို တအား​စိုး​ရိမ်ပါတယ်။ အခုလို ဆန္ဒပြ​တောင်း​ဆိုတာကလည်း​ သူတို့​ရင်ထဲမှာ နှစ်နဲ့​ချီပြီး​ ခံစား​ရတာ​တွေ ရင်ထဲမှာ မဆန့်​တော့​လို့​ ​ပေါက်ကွဲတာမျိုး​ ​ပေါ်လွင်​နေတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013