A d v e r t i s e m e n t With Us

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကနေဒါနှင့် ဆွီဒင် နိုင်ငံကို သွားမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီကာလအတွင်း ကနေဒါနဲ့ ဆွီဒင်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင်ထရူဒိုးရဲ့ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံကို မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အပြီး ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန်အာလင်း နဲ့ ဆွီဒင်နိုင်ငံဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့ရဲ့ ဖိတ်ကြားချက်တွေအရ ဆွီဒင်နိုင်ငံကိုလည်း ဆက်လက်သွား ရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up