Home မြန်မာသတင်း အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး မြန်မာပြည်သွားမည်
အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး မြန်မာပြည်သွားမည်
david h petraeus အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူး အကြီးအကဲ ဒေးဗစ်အိပ်ခ်ျ ပီထရပ်စ်ဟာ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ ထိုင်းနဲ့အမေရိကန်အရာရှိတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန် အခြေစိုက် နယူးယောက် တိုင်မ်းသတင်းစာမှာ ဖော်ပြပါတယ်။
စီအိုင်အေ ညွှန်ကြားရေးမှူး အကြီးအကဲက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်နိုင်ဖွယ်ရှိတဲ့ အကြောင်းကို တနင်္လာနေ့က တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင် တိုဝီချပ်ချိုင်းကူးက ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။
စီအိုင်အေ အကြီးအကဲ မစ္စတာပီထရပ်စ်ကလည်း မြန်မာနိုင်ငံ သွားမှာသေချာတဲ့အကြောင်း ပြောကြားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
အလားတူ ဘန်ကောက်မှာရှိတဲ့ အမေရိကန် အရာရှိတွေကလည်း မစ္စတာ ပီထရပ်စ်ကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ယခုနှစ် နှောင်းပိုင်းမှာ မြန်မာပြည်ကို သွားရောက်လည်ပတ်ဖို့ ပြောဆိုခဲ့တယ်လို့လည်း သတင်းမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
ဆက်စပ်သတင်းများ