အမူးလွန်နေသည့် ၁၄ နှစ်သမီးအား မုဒိမ်းကျင့် ဓာတ်ပုံဖြန့်ခဲ့သည့် လူငယ် ၂ ဦးကို ရဲဖမ်းဆီး

အမေရိကန်နိုင်ငံမှာ အိမ်တွင်းပါတီတခု ကျင်းပချိန်မှာ အမူးလွန် ပျော်ပါးခဲ့တဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတဦးကို မုဒိမ်းကျင့်ပြီး ဓာတ်ပုံတွေကို အင်တာနက်လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့တဲ့ ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး ၂ ဦးက မိန်းကလေးရဲ့ ဝစ်လစ်စလစ်အနေအထားနဲ့ သွေးစွန်းနေတဲ့ ပုံတွေကို စနက်ပ်ချက်မှတဆင့် ဖြန့်ဝေခဲ့တာလို့ ဒေးလီးမေးလ် သတင်းမှာ မေလ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ မိန်းကလေးက သူဟာ အရက်တွေ အလွန်အကျွံသောက်ပြီး ကခုန်ခဲ့ပြီးနောက်မှာ အိပ်ခန်းထဲမှာ အိပ်ပျော်သွားခဲ့တာကိုပဲ မှတ်မိတယ်လို့ ရဲတွေကို ပြောပါတယ်။ သူဟာ အိပ်ယာက နိုးလာချိန်မှာ သူ့ရဲ့ ဝမ်းဗိုက်နေရာက နာကျင်နေပြီး ရှူးစ်ဖိနပ် မှာတော့ သွေးစက်တွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပါတီပွဲကို သူတို့အရွယ် လူငယ်ပေါင်း ၂၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြကာ အခင်းဖြစ်ပြီး နောက်တနေ့မနက်မှာ အွန်လိုင်းပေါ်မှာ သူ့ရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့နေတာကို သူငယ်ချင်းတွေက ပြောခဲ့ကြတာပါ။ အဲဒီမိန်းကလေးဟာ ပါတီတွင်းမှာ စိတ်လွတ်ကိုယ်လွတ် ဘာမှမသိတော့လောက်အောင် ဝီစကီနဲ့ ဗော့ဒကာအရက်တွေကို သောက်ထားခဲ့တယ်လို့ ရဲတွေက ပြောပါ တယ်။ ရဲတွေက ဖမ်းဝရမ်းထုတ်ပြီး စုံစမ်းရှာဖွေခဲ့ချိန်မှာတော့ ၁၆ နှစ်အရွယ် ကျောင်းသားတဦးရဲ့ ဖုန်းထဲမှာ အဲဒီမိန်းကလေးရဲ့ ဝစ်လစ်စလစ်ပုံတွေကို တွေ့ရှိခဲ့ကာ တရားခံတွေကို ဖမ်းမိခဲ့တာပါ။ ဖမ်းမိတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ နာမည်ကိုတော့ ဖော်ပြမထားခဲ့ပဲ သူတို့ဟာ ဘဲလ်ဗျူးအထက်တန်းကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသားတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up