Home
မေးမြန်းခန်း
လွတ်ငြိမ်း​ခွင့်​ကို တပြည်လုံး​အတိုင်း​အတာလုပ်မှသာ အား​လုံး​ရဲ့​ယုံကြည်မှုကို ရ​စေနိုင်တယ်
DVB
·
February 8, 2012
ရှစ်​လေး​လုံး​ လူထုအုံကြွမှုမှာ ထင်ရှား​တဲ့​ ​ကျောင်း​သား​ခေါင်း​ဆောင် တဦး​ဖြစ်ခဲ့​တဲ့​ ကိုမိုး​သီး​ဇွန်ဟာ မြန်မာအစိုး​ရ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ ​ဖေ​ဖော်ဝါရီ ၇ ရက်က ​တွေ့​ဆုံခဲ့​ပါတယ်။ ဒီ​တွေ့​ဆုံပွဲမှာ ဘာ​တွေ​ဆွေး​နွေး​ခဲ့​ကြသလဲဆိုတာနဲ့​ပတ်သက်ပြီး​ ကိုမိုး​သီး​ဇွန်ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ် အဖွဲ့​က ဝန်ကြီး​ဦး​အောင်မင်း​တို့​နဲ့​ ဘယ်လိုစပြီး​တော့​ ​တွေ့​ဖြစ်တာလဲ။ [caption id="attachment_20995" align="alignright" width="300" caption="ကိုမိုး​သီး​ဇွန် "][/caption] “ဇန်နဝါရီလ ၁၄ ရက်​နေ့​မှာ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက ဝန်ကြီး​ ဒု-ဗိုလ်ချုပ်ကြီး​ကိုကို က​နေပြီး​ ကျ​နော်တို့​ကို ပြန်လာနိုင်ပါတယ်လို့​ သတင်း​ထောက် တ​ယောက်ကို ​ဖြေသွား​တယ်။ အဲဒီ့​အ​ပေါ်မှာ ကျ​နော်က အဲဒီ့​ ငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင်လုပ်​နေတဲ့​ တ​ယောက်ကို ​မေး​တယ်။ မ​နေ့​က ကျ​နော်တို့​ စပြီး​ ​တွေ့​ကြတယ်။ ဝန်ကြီး​ဦး​အောင်မင်း​နဲ့​ ဘန်​ကောက်မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ ကျ​နော်တို့​ ချိန်း​လို့​ ​တွေ့​ဖြစ်တာပါ။ မေး​တော့​ သူတို့​က ဘယ်လိုပြန်​ဖြေလဲ။ “သူတို့​ ပြန်​ဖြေတာ​တော့​ အဓိက​တော့​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​အတွက် အစိုး​ရအဖွဲ့​က ကြိုး​ပမ်း​ဆောင်ရွက်​နေပုံ​တွေ၊​ အခက်အခဲ အ​နေအထား​တွေကို ကျ​နော်တို့​ကို ရှင်း​ပြပါတယ်။” သူတို့​က​ကော ကိုမိုး​သီး​ဇွန် ပြန်ဖို့​အတွက်ကို တာဝန်ယူမှု အပိုင်း​ရှိလား​။ “ပြန်လာမယ်ဆိုရင် ကျ​နော်တို့​ အဓိက ​ဆွေး​နွေး​တာ​တော့​ ပြည်ပ​ရောက် မြန်မာ​တွေ၊​ ၁၉၆၂ အ​ရေး​အခင်း​က​နေ ၇၄၊​ ၈၈ ဝန်း​ကျင်မှာ အ​ကြောင်း​ အမျိုး​မျိုး​ကြောင့်​ ထွက်ခွာလာတဲ့​ မြန်မာနိုင်ငံသား​တွေရှိတယ်။ သူတို့​မှာ အ​တွေ့​အကြုံ​တွေ ပညာ​တွေ ရှိတယ်။ မြန်မာပြည်မှာ ပြန်ပြီး​တော့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​၊​ တိုင်း​ပြည် ပြန်လည်တည်​ဆောက်​ရေး​အတွက် အခွင့်​အလမ်း​ရှိရင် သူတို့​တွေက ကြိုး​ပမ်း​ ​ဆောင်ရွက်ချင်ကြတယ်။ အဲဒီ ကျ​နော့်​မိတ်​ဆွေ ပညာရှင်​တွေက သူတို့​အတွက်ကိုလည်း​ ​ဆွေး​နွေး​ပေး​ပါဆိုလို့​ ကျ​နော်က ဝန်ကြီး​ဦး​အောင်မင်း​နဲ့​ တင်ပြ ​ဆွေး​နွေး​ပေး​ပါတယ်။ သူက​တော့​ သမ္မတ ဦး​သိန်း​စိန်ကိုလည်း​ ဆက်လက်တင်ပြမယ်လို့​ ​ပြောပါတယ်။ “ဘာဖြစ်လို့​လဲဆို​တော့​ မြန်မာနိုင်ငံသား​တိုင်း​က ကိုယ့်​တိုင်း​ပြည်ကို လွတ်လွတ်လပ်လပ် ပြန်လာနိုင်ခွင့်​မရှိဘူး​။ ဥပမာ က​မ္ဘောဒီး​ယား​တို့​ ဗီယက်နမ်တို့​ဆိုရင် ပြည်ပ​ရောက်သွား​တဲ့​ နိုင်ငံ​ရေး​အရ အမြင်မတူတဲ့​သူ​တွေ ရှိခဲ့​တယ်။ အချိန်မ​ရွေး​ ပြန်လာခွင့်​ ပြန်သွား​ခွင့်​တွေ ရှိတယ်။ အခု မြန်မာပြည်မှာ ဗီဇာ သွား​လျှောက်မယ်ဆိုရင် ပြဿနာ​တွေ၊​ စိစစ်မှု​တွေ အများ​ကြီး​ရှိတယ်။ သူတို့​မှ မဟုတ်ဘူး​။ နိုင်ငံခြား​သား​ ကျ​နော့်​ မိတ်​ဆွေ​တွေဆိုရင်လည်း​ အခက်အခဲ အများ​ကြီး​ ကြုံတယ်။ သတင်း​ထောက်​တွေဆိုလည်း​ နာမည်ပျက် စာရင်း​ သွင်း​ထား​တာ ရှိတယ်။ ကျ​နော် ဦး​အောင်မင်း​ကို ​ဆွေး​နွေး​ပြတာ​တော့​ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကို တပြည်လုံး​ အတိုင်း​အတာနဲ့​ လုပ်မှသာ အား​လုံး​ရဲ့​ ယုံကြည်မှုကို ရ​စေတယ်ဆိုတဲ့​ အ​ကြောင်း​ပေါ့​။ သူက အဲဒါကို အထက်ကို တင်ပြ​ပေး​ပါမယ်လို့​ ပြန် ​ဆွေး​နွေး​ပါတယ်။” ကိုမိုး​သီး​ဇွန်အ​နေနဲ့​က ဘယ်လိုအ​နေအထား​နဲ့​ ​တွေ့​လဲ။ ဥပမာ အဖွဲ့​အစည်း​ကို ကိုယ်စား​ပြုတာလား​၊​ တဦး​တ​ယောက်တည်း​ အ​နေနဲ့​ သွား​တာလား​။ “ကျ​နော့်​ကိုယ် ကျ​နော် ကိုယ်စား​ပြုပြီး​တော့​ ​တွေ့​တယ်​လေ။ ကျ​နော် မိုး​သီး​ဇွန်အ​နေနဲ့​ ​ဆွေး​နွေး​တယ်။ ကျ​နော်နဲ့​အတူ ကျ​နော့်​ရဲ​ဘော် ကို​ဇော်မင်း​လည်း​ ပါတယ်။ ကျ​နော် ဒီလို သွား​ဆွေး​နွေး​မှာနဲ့​ ပတ်သက်လို့​ ကျ​နော်နဲ့​ အမြင်တူတဲ့​ ရဲ​ဘော်တချို့​က ​ထောက်ခံကြတယ်။ သူတို့​ကလည်း​ အား​ပေး​မှု တိုက်တွန်း​မှု​တွေ​ကြောင့်​ အခုလို ​ဆွေး​နွေး​ဖြစ်တာပါ။ “ဝန်ကြီး​ဦး​အောင်မင်း​ကို ကျ​နော့်​ဆီမှာ ​တွေ့​ဆုံ ​ဆွေး​နွေး​တဲ့​ အ​တွေ့​အကြုံရှိပါတယ်။ ဗိုလ်ချုပ်ထွန်း​ကြည်နဲ့​ တခါ၊​ ဗိုလ်ချုပ် မျိုး​ညွန့်​နဲ့​ နှစ်ခါ၊​ ဗိုလ်ချုပ်ခင်ညွန့်​နဲ့​ အတူ သူ့​ကိုယ်စား​လှယ်​တွေနဲ့​ အကြိမ်ကြိမ် ​ဆွေး​နွေး​ခဲ့​တယ်။ အနည်း​ဆုံး​တော့​ ဆယ်ကြိမ်​လောက် ရှိမယ်။ ​နောက်တခါ ဗိုလ်ချုပ်ခင်ညွန့်​ လက်ထက်မှာပဲ ပါ​မောက္ခ ဆရာကြီး​ ထွန်း​အောင်ရှိန်ကို လွှတ်ပြီး​ ​တောထဲလာ​တော့​ ကျ​နော်တို့​ ​ဆွေး​နွေး​ဖြစ်တယ်။ ဗိုလ်ချုပ်မြ တာဝန်​ပေး​လို့​ ကျ​နော်က တာဝန်ခံပြီး​ ​ဆွေး​နွေး​ခဲ့​ရတာ​တွေ ရှိခဲ့​တယ်။ အဲဒါ​တွေလည်း​ သူ့​ကို ​ဆွေး​နွေး​ပြတယ်။ ​ဆွေး​နွေး​ပြတဲ့​အခါကျ​တော့​ အခု သူတို့​နဲ့​ ​ဆွေး​နွေး​တဲ့​အခါမှာလည်း​၊​ ကျ​နော်တို့​တုန်း​က ပိတ်ဆို့​အ​ရေး​ယူမှုကို ဖြုတ်​ပေး​၊​ ကျ​နော်တို့​ကလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ဆိုပြီး​ အစီအစဉ်​တွေအ​ပေါ်မှာ ​ရှေ့​မတိုး​နောက်မဆုတ် ဖြစ်ခဲ့​တယ်။ အခု​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​လာတယ်။ ​နောက်ထပ် နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ကျန်​နေတယ်။ ထပ်လွှတ်​ပေး​ဖို့​ ကျ​နော်က ​မေတ္တာရပ်ခံခဲ့​တယ်။ တထိုင်တည်း​မှာပဲ ကျ​နော်တို့​က အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​အတွက် ရလဒ်​တွေ မထွက်နိုင်​သေး​ပေမယ့်​ အနာဂတ်မှာ​တော့​ ရလဒ်​ကောင်း​တွေ ထွက်ဖို့​ ကျ​နော်​မျှော်လင့်​တယ်။ ဆက်ပြီး​တော့​ သူနဲ့​ ဆက်ဆံ​ရေး​ ဆက်ထား​ဖို့​ သ​ဘောတူထား​ကြတယ်။” ဝန်ကြီး​ ဦး​အောင်မင်း​နဲ့​ ​တွေ့​ပြီး​ပြီဆို​တော့​ မြန်မာပြည် နိုင်ငံ​ရေး​ကို ကိုမိုး​သီး​ဇွန် ဘယ်လို​ပြောလို့​ရမလဲ။ “မြန်မာပြည်နိုင်ငံ​ရေး​နဲ့​ ပတ်သက်လို့​ ဒါက ဦး​အောင်မင်း​နဲ့​ ​ဆွေး​နွေး​ချက်​တော့​ မဟုတ်ဘူး​။ ကျ​နော့်​ရဲ့​ အမြင်​ပေါ့​လေ။ မြန်မာပြည် နိုင်ငံ​ရေး​က လမ်း​ဆုံ လမ်း​ခွကို ​ရောက်​နေတယ်။ အ​တော်မှ စိုး​ရိမ်ပါတယ်။ အခု အ​ပြောင်း​အလဲ​တွေက လက်ရှိ သမ္မတ ဦး​သိန်း​စိန်အ​နေနဲ့​ အစွမ်း​ကုန် ကြိုး​ပမ်း​ ​ဆောင်ရွက်​နေတယ်လို့​ မြင်ပါတယ်။ သို့​သော်လည်း​ တကယ့်​အ​ပြောင်း​အလဲ တခုက ဖြစ်မလာ​သေး​ဘူး​။ ကျ​နော်တို့​ လိုချင်တာက ဘာလိုချင်တာလဲ၊​ ကျ​နော်တို့​ လိုချင်တာက လွတ်လပ်မှုကို လိုချင်တာ။ အစား​အ​သောက်နဲ့​ အလုပ်အကိုင်​တွေ လိုချင်တာ။ အဲဒါ​တွေ ၂ ခုလုံး​ ဗမာပြည်မှာ မရှိဘူး​။ အဲဒါ​တွေ မရှိသမျှ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​ပြေလည်သွား​သည် ဖြစ်​စေ၊​ ​ဒေါ်​အောင်ဆန်း​စုကြည် ဝန်ကြီး​ ဖြစ်သည် ဖြစ်​စေ၊​ ကျ​နော်တို့​ ပြန်လာလို့​ ရသည် ဖြစ်ပါ​စေ၊​ မြန်မာပြည်ရဲ့​ အနာဂတ်နိုင်ငံ​ရေး​က မ​သေချာ မ​ရေရာ ဖြစ်​နေမယ်။ ပဋိပက္ခ​တွေက ရှိ​နေမှာပဲ။ အဓိက အဲဒါပဲ။ လွတ်လပ်မှု မရှိ​သေး​ဘူး​ ကျ​နော်​ပြောချင်တယ်။” အခုဆိုရင် ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေလည်း​ ပြန်လွတ်လာကြပြီ။ အပြင်မှာရှိတဲ့​ ၈၈ မျိုး​ဆက်​တွေရှိတယ်။ အခု ၈၈ မှာဦး​ဆောင်ခဲ့​တဲ့​ ကိုမိုး​သီး​ဇွန် အ​နေနဲ့​ကော ​ရှေ့​ဘာဆက်လုပ်ဖို့​ ရှိသလဲ။ “အဓိက​တော့​ ကျ​နော်တို့​က အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​က အဓိက လုပ်ငန်း​စဉ် ဖြစ်တယ်။ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​အတွက် ကျ​နော် ကြိုး​စား​မယ်။ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​နဲ့​ ပတ်သက်လို့​လည်း​ ကျ​နော့်​ရဲ့​ အမြင်​တွေရှိပါတယ်။ အဲဒါက​တော့​ တရား​ဥပ​ဒေကို ပြုပြင် ​ပြောင်း​လဲမှု​တွေ လုပ်ရမယ်။ ​နောက်တခုက အုပ်ချုပ်​ရေး​ပိုင်း​ ဆိုင်ရာ​တွေမှာ ပြုပြင်​ပြောင်း​လဲမှု​တွေ၊​ လယ်ယာ​မြေ ပြုပြင်​ပြောင်း​လဲမှု​တွေ၊​ အဲဒါ​တွေ လုပ်ဖို့​ လိုပါတယ်။ ​နောက်တခုက ဘဏ္ဍာ​ရေး​နဲ့​ ပတ်သက်တဲ့​ ပြုပြင် ​ပြောင်း​လဲမှု​တွေ လုပ်ဖို့​ လိုပါတယ်။ “​နောက်တခါ မီဒီယာမှာလည်း​ အလား​တူ လွတ်လပ်မှု​တွေ လိုတယ်။ နိုင်ငံသား​တွေ အ​နေနဲ့​လည်း​ ကျ​နော်တို့​နိုင်ငံသား​ရဲ့​ အခွင့်​အ​ရေး​တွေကို တကယ်ကို ​ရေး​တင်ခွင့်​ ရှိဖို့​လိုတယ်။ ကျ​နော်တို့​ ၄ရအ​ခြေခံဥပ​ဒေ၊​ ၇၄အ​ခြေခံဥပ​ဒေ၊​ အခု ၂၀၀၈ ထဲမှာလည်း​ နိုင်ငံသား​ အခွင့်​အ​ရေး​တွေကို စာသား​နဲ့​ ​ဖော်ပြထား​တာ​တွေ ရှိပါတယ်။ ဒါ​ပေမယ့်​ လက်​တွေ့​ကျင့်​သုံး​မှု မရှိပါဘူး​။ ၁၉၄၇ ခုနှစ် အ​ခြေခံဥပ​ဒေကို ဦး​ဆောင်ခဲ့​တဲ့​ အစိုး​ရလို ကျင့်​သုံး​တဲ့​သူ မရှိခဲ့​ပါဘူး​။ အဲဒီဟာက အဓိက ျပဿနာတခုပါ။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေ အများ​ကြီး​ ပြန်လုပ်ရမယ်။ အဲဒါ​တွေအား​လုံး​ လုပ်မှသာလျှင် အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​က ဖြစ်​ပေါ်လာနိုင်မယ်လို့​ ကျ​နော့်​အ​နေနဲ့​ ယုံကြည်ပါတယ်။ “ကျ​နော် ၈၈ လှုပ်ရှား​မှုမှာ ပါဝင်ခဲ့​တဲ့​ ​ခေါင်း​ဆောင် တ​ယောက်အ​နေနဲ့​တော့​ ​ကျောင်း​သား​တ​ယောက် ပြည်သူတ​ယောက် အ​နေနဲ့​ကော ကျ​နော်က​တော့​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​ကို မြင်ချင်တယ်။ အဲဒါကိုလုပ်ဖို့​ ကြိုး​စား​မယ်။ ခုန​ပြောတဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်ဖို့​လိုတယ်။ ပညာ​ရေး​မှာလည်း​ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်ဖို့​လိုတယ်။ မြန်မာပြည်မှာ ပညာတတ်တဲ့​ ပညာရှိတဲ့​လူ​တွေက ၁၉၆၂ ကတည်း​က ယ​နေ့​ထိ တ​ရွေ့​ရွေ့​နဲ့​ ထွက်သွား​ကြတာ အခုဆို ကုန်သ​လောက် ဖြစ်သွား​ပြီ။ အဲဒီလူ​တွေ မရှိဘဲ တိုင်း​ပြည်ကို ဘယ်လိုပြန်တည်​ဆောက်မှာလဲ။ ကျ​နော်လည်း​ နား​မလည်ဘူး​။ အဲဒီလူ​တွေကို ပြန်ဖိတ်​ခေါ်ရမယ်။ ကျ​နော်မြင်တဲ့​ အမြင်က​တော့​ တကယ့်​ကို အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ နှစ်နှစ်ကာကာ လုပ်ဖို့​လိုတယ်။ တချိန်တုန်း​က​တော့​ ဦး​သန်း​ရွှေ အစိုး​ရ လက်ထက်က​ပေါ့​။ အချိန်ဆွဲတာ သူတို့​အတွက် ဗျူဟာ​လေး​ တခု​ပေါ့​။ အခုက အချိန်ဆွဲတယ်ဆိုရင် နိုင်ငံ​တော်အတွက်​ကော ပြည်သူ​တွေအတွက်​ကော မ​ကောင်း​တော့​ဘူး​လို့​ ကျ​နော်မြင်တယ်။” ကိုမိုး​သီး​ဇွန် ဘယ်အ​နေအထား​ရောက်ရင် ပြန်မလဲ။ ဘယ်​တော့​ပြန်မလဲ။ “ကျ​နော်တို့​က ​ပြောထား​သလို တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​တွေ လုပ်​ပေး​ဖို့​၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​၊​ ​နောက်တခုက ပြည်ပ​ရောက်တဲ့​ မြန်မာ​တွေ ပညာရှင်​တွေ၊​ နိုင်ငံသား​တွေကို လွတ်လပ်စွာ ပြန်လာနိုင်ခွင့်​ ပြုနိုင်တဲ့​ အ​ခြေအ​နေ၊​ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကို အမြန်ဆုံး​ ပြုလုပ်​ပေး​မှသာ ကျ​နော်ပြန်လို့​ရမယ်။”  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024