Home
မြန်မာသတင်း
အလုပ်သမားဥပဒေပါ ထောင်ဒဏ် ပယ်ဖျက်ပေးရန် အလုပ်ရှင်များတင်ပြ
အာကာ
·
May 31, 2017
  အလုပ်သမားဥပဒေတွေမှာ ထောင်ဒဏ် ထည့်သွင်းထားတာကို ပယ်ဖျက်ပေးဖို့ အလုပ်ရှင်အဖွဲ့အစည်းကော်မတီက သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို မနေ့က တင်ပြထားပါတယ်။ ကုန်သည်/စက်မှုအသင်းချုပ်(UMFCCI)က ဖွဲ့စည်းထားတဲ့ အလုပ်ရှင်အဖွဲ့အစည်း ကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “ILO ကရော၊ အပြည်ပြည်ဆိုင်ရာကရော ထောင်ဒဏ်ကို အားပေးထောက်ခံခြင်း မရှိဘူးလို့ ကျမတို့ လေ့လာသိရှိရပါတယ်။ ကမ္ဘာပေါ်မှာ အလုပ်ရှင် အလုပ်သမားအရေးနဲ့ပတ်သတ်ပြီး ထောင်ဒဏ်ထည့်သွင်းတဲ့ နိုင်ငံက ၃ နိုင်ငံထက် မပိုပါဘူး”လို့ ပြောပါတယ်။ ရန်ကုန်မြို့ ကုန်သည်/စက်မှုအသင်းချုပ်(UMFCCI)မှာ မေလ ၃၁ ရက်နေ့က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ အခုလိုပြောဆိုခဲ့တာပါ။ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေမှာ အလုပ်ရှင်တွေ ပြစ်မှုကျူးလွန်ရင် ငွေဒဏ်ပဲ ထည့်သွင်းထားတဲ့အပေါ် အလုပ်သမားတွေက ထောင်ဒဏ်ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြပြီး နောက် ပြင်ဆင်ရေးဆွဲနေတဲ့ အလုပ်သမားဥပဒေတွေမှာ ထောင်ဒဏ်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024