DVB Logo
Home
မြန်မာသတင်း
၈၈ ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမိုး​သီး​ဇွန်နှင့်​ ဦး​အောင်မင်း​တွေ့​ဆုံ
DVB
·
February 8, 2012
၈၈ ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမိုး​သီး​ဇွန်နှင့်​ ဦး​အောင်မင်း​တွေ့​ဆုံ
Donate to DVB

ပြည်ပ​ရောက် ထင်ရှား​တဲ့​ ၈၈ ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမိုး​သီး​ဇွန်နဲ့​ ပြည်​ထောင်စုအစိုး​ရ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​မှ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​ မ​နေ့​က ထိုင်း​နိုင်ငံ ဘန်​ကောက်မှာ ​တွေ့​ဆုံခဲ့​ကြပါတယ်။

[caption id="attachment_20985" align="alignright" width="300" caption="ဦးအောင်မင်း နှင့် ကိုမိုးသီးဇွန်"][/caption]

ပြည်​ထောင်စုအစိုး​ရ မီး​ရထား​ဝန်ကြီး​နဲ့​ ​တွေ့​ဆုံခဲ့​မှုအ​ပေါ်ကို ကိုမိုး​သီး​ဇွန်က “ဇန်နဝါရီလ ၁၄ ရက်​နေ့​မှာ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက ဒုတိယဗိုလ်ချုပ်ကြီး​ ကိုကို က​နေပြီး​ ကျ​နော်တို့​ကို ပြန်လာနိုင်ပါတယ်လို့​ သတင်း​ထောက် တ​ယောက်ကို ​ဖြေသွား​တယ်။ အဲဒီအ​ပေါ်မှာ ကျ​နော်က အဲဒီငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင်လုပ်​နေတဲ့​ အဖွဲ့​ထဲက တ​ယောက်ကို ဆက်သွယ်ပြီး​မေး​ပါတယ်။ အဲဒီအခါကျ​တော့​ ဝန်ကြီး​ဦး​အောင်မင်း​နဲ့​ ဘန်​ကောက်မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ ကျ​နော်တို့​ ချိန်း​လိုက်တယ်။ မ​နေ့​က ကျ​နော်တို့​ စပြီး​တွေ့​ကြတယ်။ သူတို့​ ပြန်​ဖြေတာ​တော့​ အဓိက​တော့​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​အတွက် အစိုး​ရအဖွဲ့​က ကြိုး​ပမ်း​ဆောင်ရွက်​နေပုံ​တွေ အခက်အခဲ အ​နေအထား​တွေကို ကျ​နော်တို့​ကို ရှင်း​ပြပါတယ်” လို့​ ​ပြောပါတယ်။

ဦး​အောင်မင်း​နဲ့​ ​တွေ့​ဆုံရာမှာ ကိုမိုး​သီး​ဇွန်နဲ့​ လိုက်ပါသွား​တဲ့​ ကို​ဇော်မင်း​က “အခုက ပထမဆုံး​တွေ့​တဲ့​ အကြိမ် ဖြစ်တဲ့​အခါကျ​တော့​ စပြီး​ထိ​တွေ့​ ဆက်ဆံတဲ့​ အပြန်အလှန် ဆက်ဆံ​ရေး​လမ်း​ကြောင်း​ ဖွင့်​နိုင်မယ်လို့​ ​မျှော်လင့်​တယ်။ စကား​ပြောရတာ​တော့​ ​တော်​တော်အဆင်​ပြေပါတယ်။ နှစ်ဖက်လည်း​ နား​လည်မှုရှိတယ်။ ဘာ​ခေါင်း​စဉ်မှ ထူး​ထူး​ထွေ​ထွေ မ​ဆွေး​နွေး​ဖြစ်ပါဘူး​။ တဦး​နဲ့​တဦး​ ရင်း​နှီး​အောင် မိတ်ဆက်တယ်ဆိုတဲ့​ အခါကျ​တော့​ ဒီလိုပဲ ​ရှေး​ကဖြစ်ခဲ့​တဲ့​ နိုင်ငံ​ရေး​ ဖြစ်စဉ်​လေး​တွေကို ကျ​နော်တို့​ပြောကြ၊​ ဖြစ်လာတဲ့​ အ​ပြောင်း​အလဲနဲ့​ ပတ်သက်လို့​ ​ပြောကြဆိုကြ​ပေါ့​။ ​ပြောင်း​လဲလာတဲ့​ အ​ပြောင်း​အလဲ တချို့​နဲ့​ပတ်သက်ပြီး​တော့​ တချို့​ဟာလည်း​ ​ပြောင်း​လဲတာ​တွေက ​ကောင်း​သော ​ပြောင်း​လဲခြင်း​ ဖြစ်တယ်​ပေါ့​။ ဒါ​တွေလည်း​ မြင်တဲ့​အ​ကြောင်း​ ​ဆွေး​နွေး​ပြီး​တော့​ ​ပြောကြတာပါ” လို့​ ​ဆိုပါတယ်။

ကို​ဇော်မင်း​ဟာ ဖွံဖြိုး​ရေး​ဆိုင်ရာ ​ဆောင်း​ပါး​တွေကို ​ရေး​သား​သူ တဦး​ဖြစ်ပြီး​တော့​ လူ့​ဘောင်သစ်ပါတီနဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​မှာ တာဝန်​တွေ ထမ်း​ဆောင်ခဲ့​ဖူး​ပါတယ်။

ပြည်ပ​ရောက် မြန်မာလူမျိုး​တွေကို မြန်မာနိုင်ငံ ပြန်လာ​စေချင်ရင်​တော့​ ပြည်​ထောင်စု အစိုး​ရက​နေ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​ပြီး​မှသာ ပြန်လာနိုင်မယ်လို့​ ကိုမိုး​သီး​ဇွန်က ​ပြောပါတယ်။

“ကျ​နော်တို့​က ​ပြောထား​သလိုပဲ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​တွေ လုပ်​ပေး​ဖို့​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​၊​ ပြည်ပ​ရောက်တဲ့​ မြန်မာ​တွေ၊​ ပညာရှင်​တွေ၊​ နိုင်ငံသား​တွေကို လွတ်လပ်စွာ ပြန်ခွင့်​ပြုနိုင်တဲ့​ အ​ခြေအ​နေ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကို အမြန်ဆုံး​ ပြုလုပ်​ပေး​မှသာလျှင် ကျ​နော်တို့​ ပြန်လို့​ရမယ်။”

ကိုမိုး​သီး​ဇွန်ဟာ ၁၉၈၈ ခုနှစ် ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ်မှာ အ​ထွေ​ထွေအတွင်း​ရေး​မှူး​၊​ နဝတ စစ်အစိုး​ရ လက်ထက် လူ့​ဘောင်သစ် ပါတီမှာ ဥက္ကဋ္ဌနဲ့​ ​ကျောင်း​သား​တပ်မ​တော် ​အေဘီအက်စ်ဒီအက်ဖ်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့​ဖူး​သူလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013