A d v e r t i s e m e n t With Us

အသင်းနှင့် ၂ နှစ်စာချုပ် သက်တမ်းတိုးရန် အာစင်ဝင်းဂါး သဘောတူ

  အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အသင်းနဲ့ ၂ နှစ် စာချုပ်သက်တမ်း တိုးဖို့ သဘောတူလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာတော့ အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာ အာဆင်နယ်မှာ ဆက်ရှိဖို့ မသေချာတော့ဘူးဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နည်းပြ ၀င်းဂါးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးကို အနိုင်ရအပြီးမှာ အသင်းမှာ ဆက်နေမယ့် ဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာပဲ ရပ်တည်နိုင်ခဲ့လို့ လာမယ့်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့လည်း လွဲချော်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ အဆင့် ၄ ရဲ့ အောက်မှာ ရပ်တည်နိုင်တာဟာ နည်းပြ ၀င်းဂါး လက်ထက်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up