A d v e r t i s e m e n t With Us

ဘာဘေးဒိုးစ်ကမ်းခြေရောက် ဘောလုံးစတား ရွန်နီမိသားစု အပန်းဖြေပုံရိပ်များ

နာမည်ကျော် မန်ယူဘောလုံးစတား ၀ိန်းရွန်နီဟာ မိသားစုနဲ့အတူ ဘာဘေးဒိုး စ်ကမ်းခြေမှာ အပန်းဖြေခရီးထွက်ခဲ့တယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ မေလ ၃၀ ရက် နေ့က ဖော်ပြပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရွန်နီဟာ ဇနီးဖြစ်သူ ကောလင်း၊ သား ၃ ယောက်နဲ့အတူ ပရီးမီးယားလိဂ်ဘောလုံးရာသီအပြီးမှာ ခုလိုခရီးထွက်ခဲ့တာပါ။ ဘီကီနီဝတ်စုံဝတ်ဆင်ပြီး နေကာမျက်မှန်တပ်ဆင်ထားကာ မိုဘိုင်းဖုန်းကိုင်ထား တဲ့ အသက် ၃၁ နှစ်အရွယ် ကောလင်းရဲ့ သဲသောင်ပြင်ပေါ်လမ်းလျှောက်နေတဲ့ ပုံတွေ အပြင် တခြား မိသားစုဓာတ်ပုံတွေကိုလည်း ရိုက်ကူးခဲ့တာပါ။ ဒီခရီးမှာတော့ ကောလင်းရဲ့ မိခင်ဖြစ်သူက မိသားစုဓာတ်ပုံတွေကို ရိုက်ကူးပေးခဲ့ တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီပုံရိပ်တွေထဲမှာ မိသားစုပုံတွေ၊ ၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သားအကြီး ကိုင်ရဲ့  ချစ်စဖွယ်ဟန်ပန်ပုံရိပ်တွေနဲ့ ဖခင်ဖြစ်သူနဲ့ ရေလွှာလျှောစီးပုံရိပ်တွေကို ရိုက်ကူးခဲ့ကြ တာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up