DVB Logo
Home
မြန်မာသတင်း
ဖိနှိပ်ချုပ်ချယ်မှုများ ဆက်လုပ်နေပါက အပစ်ရပ်စဲရေး အဓိပ္ပာယ်ရှိမည်မဟုတ်ဟုဆို
DVB
·
February 7, 2012
ဖိနှိပ်ချုပ်ချယ်မှုများ ဆက်လုပ်နေပါက အပစ်ရပ်စဲရေး အဓိပ္ပာယ်ရှိမည်မဟုတ်ဟုဆို
Donate to DVB

ရှမ်းပြည်တပ်မတော်တောင်ပိုင်းက အပစ်အခက်ရပ်စဲရေးကာလတွင်း အစိုးရတပ်က ပြည်သူလူတွေအပေါ် ဖိနှိုပ်ချုပ်ချယ်မှုကို ဆက်လက်ပြုလုပ်နေမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

“လက်ရှိအစိုးရ တပ်မတော်က ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း၊ မတရား လုပ်အားစေခိုင်းခြင်း၊ အဓမ္မနေရာ ပြောင်းရွှေ့ခြင်း၊ ကျေးရွာများအား မီးရှို့ခြင်း၊ အဓမ္မ မုဒိမ်းပြုကျင့်ခြင်း၊ ပြည်သူများအား မတရားသတ်ဖြတ် ချေမှုန်းခြင်း၊ ရာဇ၀တ်မှုများ ဆက်လက်ကျူးလွန်နေမည် ဆိုပါက အပစ်အခတ် ရပ်စဲခြင်းသည် မည်သည့်အဓိပ္ပာယ်မှ ရှိမည်မဟုတ်။”

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-South) ရဲ့ ဌာနချုပ် လွိုင်တိုင်းလျန်မှာ ကျင်းပပြုလုပ်တဲ့ ၆၅ နှစ်မြောက် ရှမ်းပြည်နယ်အမျိုးသားနေ့အခမ်းအနား ကြေညာချက်မှာ ပြောကြားလိုက်တာပါ။

ဒါအပြင် လက်ရှိအပစ်အခက်ရပ်စဲရေးကာလအတွင်း အပြန် အလှန်ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးကြောင်းကိုလည်း အဲ့ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင် ဗိုလ်မှူးစိုင်းမိန်း ကြေညာစာကို ဖတ်ပြသွားတာပါ။

ဒီကြေညာချက်တွေထဲမှာတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် မီးရထားပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းနဲ့ အဖွဲ့နဲ့ သဘောတူညီချက်ရရှိခဲ့တဲ့ အချက်တွေထဲက ဒေသအုပ်ချုပ်ရေးပိုင်းတွေကိုလည်း ရှမ်းပြည်သူတွေနဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့ဝင်တွေကို ကြေညာချက်မှာပဲ အခုလို ရှင်းလင်းပြောကြားထားပါတယ်။

““အက်စ်အက်စ်အေ/ အာစီအက်စ်အက်စ်သည် အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ လက်နက်ကိုင် တပ်ဖွဲ့များအား အုပ်ချုပ်ရန်နှင့် နယ်စပ် အုပ်ချုပ်ရေးတွင် (အက်စ်အက်စ်အေ/ အာစီအက်စ်အက်စ်) အဖွဲ့မှ အတည်ပြုထားသော ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အုပ်ချုပ်ပြီး မြို့နယ်ခွဲ အုပ်ချုပ်ရေးများကို နို်င်ငံ့ဝန်ထမ်းများနှင့် အတူ ပူးတွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။”

ဒါအပြင် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီအနေနဲ့ အပစ်အခက် ရပ်ဆဲပြီး နောက်ပိုင်း အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း အခုလို ဖော်ပြထားပါတယ်။

“အပစ်အခတ်ရပ်စဲပြီးနောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်သည် ပြည်သူလူထုတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အုပ်ချူပ်ရေး ဒေသတိုင်းတွင် စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်သွားမည်။ ပြည်သူလူထုတို့ စိုက်ပျိုးထုတ်လုပ်သော ထွက်ကုန်သီးနှံများအပေါ် အခွန်တော် ကောက်ခံသွားမည် မဟုတ်ကြောင်းနှင့် ဒေသတိုင်းတွင် လွတ်လပ်စွာ လုပ်ဆောင် သွားလာနိုင်ခွင့် ရှိစေရမည်။ ရင်းနှီးငွေ ၁၀သန်း အထက်ရှိသည့် ကုန်သည်များထံမှသာ အခွန်ငွေကောက်ခံသွားမည်။”

အဲ့ဒီကြေညာချက်ထဲမှာပဲ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ရဲ့ ထိန်းချုပ်မှုအောက်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၃၀ ကျော်ကိုလည်း ဒီကနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက် ရှမ်းပြည်နယ်အမျိုးသားနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းကိုလည်း ဖော်ပြထား ပါတယ်။

ဒီကနေ့ အခမ်းအနားမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-South) ရဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့အတူ ဖိတ်ကြားထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013