A d v e r t i s e m e n t With Us

မင်းပြားမြို့တွင် မိုရာမုန်တိုင်း တိုက်ခတ် (ရုပ်သံ)

မင်းပြားမြို့မှာ ဒီမနက် ၈ နာရီအချိန်အထိ လေပြင်းတိုက်ခတ်နေပြီး သစ်ပင်တွေပြိုလဲတာ၊ အိမ်ခေါင်းမိုးတွေလန်တာ မီးကြိုးတွေပြုတ်ကျတာရှိနေပြီး အခုချိန်အထိ လေမုန်တိုင်း တိုက်ခတ်နေပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  အားကောင်းတဲ့ မိုရာ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ စစ်တွေမြို့ အနောက်-အနောက်မြောက်ဘက် ၆၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်မြောက်ဘက် ၁၂၀ မိုင်ခန့်နဲ့ မောင်တောမြို့အနောက်တောင်ဘက် ၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီကနေ့ မနက် ထုတ်ပြန်ထားပါတယ်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမယ်လို့လည်း ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up