DVB Logo
Home
ဆောင်းပါး
ပလတ်စတစ်​တွေ၊​ ပိုလီမာ​တွေနဲ့​ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ဂယက်
DVB
·
February 7, 2012
ပလတ်စတစ်​တွေ၊​ ပိုလီမာ​တွေနဲ့​ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ဂယက်
Donate to DVB

တ​နေ့​မှာ ကျ​နော့်​ တပည့်​ဟောင်း​တ​ယောက် အိမ်​ရောက်လာတယ်။ မင်း​ဘာလုပ်​နေလဲလို့​ ​မေး​တော့​ သူက ပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ လုပ်​နေ​ကြောင်း​ ​ပြောပါတယ်။ အရင်က ကိုယ့်​ရပ်ကိုယ့်​ရွာ​လောက်သာ စိတ်ဝင်စား​ကြတဲ့​ လူ​တွေဟာ ကမ္ဘာ့​ပတ်ဝန်း​ကျင်ကို စိတ်ဝင်စား​လာကြတယ်။ ​ကောင်း​ပါတယ်။ ​ခေတ်မီတိုး​တက်တဲ့​ ကမ္ဘာကြီး​မှာ တဖက်က အရမ်း​ကာ​ရော တိုး​တက်​နေ​တော့​ ကျန်တဲ့​ဘက်ကလည်း​ အထိန်း​အချုပ်​တော့​ လိုပါတယ်။

ခု​ခေတ်မှာ ပလတ်စတစ်အိတ်​တွေ အကြီး​အကျယ် ပြဿာနာတက်​နေတယ် ဆရာလို့​ သူ​ပြောပါတယ်။ ဟုတ်တယ်​လေ။ မြို့​နေလူထုအများ​စုဟာ ဒါကို ​တွေ့​နေမြင်​နေကြရတယ်။ ​ရေ​မြောင်း​တွေ ပိတ်ဆို့​တယ်။ ​ရေလျှံလို့​ ​ရေစုပ်စက်​တွေသုံး​ ​ရေစုပ်ထုတ်​နေရတယ်။

ကျ​နော် တိုကျို​ရောက်တုန်း​က အဖြစ်အပျက်​လေး​ တခုကို အမှတ်တရ ​ပြောပြချင်တယ်။ ကျ​နော်တို့​ဟာ အ​မေရိကန်အဖွဲ့​နဲ့​ စား​သောက်ဆိုင်မှာ သွား​စား​ဖြစ်တယ်။ အ​မေရိကန်အမျိုး​သမီး​တွေက သူတို့​ကိုယ်ပိုင်တူ​တွေ ယူလာ တယ်။ သူတို့​ ရွံလို့​ဖြစ်မှာ​ပေါ့​လို့​ သာမန်ပဲ ​တွေး​မိခဲ့​ တယ်။ ဒါ​ပေမယ့်​ ​နောက်မှ သိလာတယ်။ သူတို့​ ရွံတာမဟုတ်ဘူး​တဲ့​။ သူတို့​က ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ သမား​တွေတဲ့​။

ဝါး​တူ ဒါမှမဟုတ် တခါသုံး​တူ​တွေဟာ ပတ်ဝန်း​ကျင်ကို ထိခိုက်​စေတယ်လို့​ သူတို့​က ဆိုတယ်။ တခါသုံး​ ဝါး​တူ သန်း​ပေါင်း​များ​စွာကို ဂျပန်တနိုင်ငံတည်း​မှာ ​နေ့​စဉ် သုံး​စွဲ​နေကြတယ်။ တရုတ်နိုင်ငံမှာလည်း​ ဒီလိုသုံး​တာပဲ။ ယ​နေ့​မှာ ထိုင်း​၊​ က​မ္ဘောဒီး​ယား​၊​ ဗီယက်နမ်၊​ စင်ကာပူစတဲ့​ အာဆီယံ နိုင်ငံ​တွေမှာလည်း​ ဝါး​တူ​တွေ သုံး​တယ်။

ဒီတူ​တွေကို စွပ်ထား​တဲ့​ ပလတ်စတစ်​တွေကလည်း​ ပြဿာနာတခုအဖြစ် တိုး​လာတယ်။ ဝါး​တူ​တွေကို တခါသုံး​ပြီး​ လွှင့်​ပစ်တယ်။ ဒီအတွက် ဝါး​ပင်​တွေ ဘယ်​လောက် ​သေ​ကျေပျက်စီး​မလဲ။ ဝါး​တူ​လေး​တွေကို သန့်​ရှင်း​စေဖို့​ ရည်ရွယ်ချက်နဲ့​ ပလတ်စတစ်အိတ် (ကျွတ်ကျွတ်အိတ်)​လေး​တွေ စွပ်ထား​သေး​တော့​ မိ​အေး​နှစ်ခါနာပဲ​ပေါ့​။ ​နောက် ကျ​နော်တို့​ တိုကျိုမှာရှိတဲ့​ ဗုဒ္ဓဘာသာ ဘုရား​ကျောင်း​တွေကို သွား​ကြ​တော့​ အ​မေရိကန် ပတ်ဝန်း​ကျင်သမား​တွေက သူတို့​ဟာ အ​မွှေး​တိုင်​တွေနဲ့​ မပူ​ဇော်ကြဖို့​ ​ပြောတယ်။

သူတို့​ဟာ အ​မွှေး​တိုင်ကို ဆန့်​ကျင်သတဲ့​။ အ​မွှေး​တိုင်ဟာ ပတ်ဝန်း​ကျင်ကို ဖျက်ဆီး​ခြင်း​ ၄မျိုး​ကို ပြုလုပ်ပါသတဲ့​။ ဖျက်ဆီး​ခြင်း​ ၄ မျိုး​ဆိုတာကို သူတို့​ ​ပြောပြတယ်။ ပထမက​တော့​ အ​မွှေး​တိုင်လုပ်ဖို့​ ဝါး​တွေလိုတယ်။ ဝါး​ပင်​တွေကို ခုတ်ရတယ်။ အ​မွှေး​တိုင်က တုတ်​တွေဟာ ဝါး​ချောင်း​လေး​တွေပဲ။ သိပ် ကြီး​ကြီး​ကျယ်ကျယ်မှ မဟုတ်တာ ဒါ​ပေမယ့်​ တကမ္ဘာလုံး​ သုံး​နေကြတယ်​လေ။

တရုတ်ပြည် ဆိုရင် လူဦး​ရေ သန်း​ ၁ ​ထောင်​ကျော်ရှိတယ်။ ဂျပန်၊​ ဗီယက်နမ်နဲ့​ မြန်မာနိုင်ငံ အား​လုံး​ဟာ အ​မွှေး​တိုင်​တွေ သုံး​တယ်။ ဒုတိယက​တော့​ သစ်မှုန့်​တွေ​ပေါ့​။ အ​မွှေး​တိုင်မှာ သစ်သား​မှုန့်​တွေကို ​ကော်သုတ်နယ်ပြီး​ ဝါး​မှာ ကပ်ထား​တယ်။ သစ်သား​တွေ အများ​ကြီး​သုံး​ရတယ်။ အရင်​ခေတ်က သိပ်မဆိုး​ဘူး​။ ခု​ခေတ်မှာ သစ်ပင်​သေး​သေး​လေး​တွေ​တောင် ခုတ်ကြတယ်။

နောက်ပိုင်း​မှာ ပခုက္ကူနယ် ​ရေစကြိုဝန်း​ကျင်​တွေမှာ ဆီး​ပင်​တွေမကျန် ခုတ်ကြတယ်။ မန်ကျည်း​ပင်မကျန် ခုတ်တယ်။၂၀၁၁ မှာ ပခုက္ကူ​ရေကြီး​ပြီး​ ​ရွှေ​ချောင်း​တံတား​ ကျိုး​တာ ဒီ​နောက်ဆက်တွဲရလဒ် တခုပါပဲ။

တတိယက​တော့​ ​ရေ​မွှေး​တွေ ဖျန်း​တယ်။ ​ရေ​မွှေး​ကို Aerosol ​တွေ သုံး​တော့​ ဆိုး​ပါတယ်။ ​နောက် ဒီအ​မွှေး​တိုင်​တွေကို လူ​တွေက မီး​ရှို့​တယ်။ အ​မွှေး​နံ့​သာနဲ့​ ပူ​ဇော်တာပါ။

ဒါ​ပေမယ့်​ ဒီမီး​လောင်တာဟာ ပတ်ဝန်း​ကျင်ကို မလိုအပ်ဘဲ ညစ်ညမ်း​စေတာပါ။ နတ်​ဒေဝတာများ​ဟာ သူတို့​နေတဲ့​ဘုံဗိမ္မာန်​တွေမှာ ​လေထုညစ်ညမ်း​တာကို အား​မ​ပေး​သင့်​ပါဘူး​လို့​ သူတို့​က ဆက်​ပြောကြတယ်။ ​ကောင်း​ကင်ကြီး​ဟာ ဘာလဲ။ အာကာသဟာ ဘာလဲ။ တို့​တ​တွေ အညစ်အ​ကြေး​တွေကို စွန့်​ထုတ်ရာ ​နေရာပဲလား​တဲ့​။ စဉ်း​စား​စရာပါပဲ။ ကျ​နော်က ဘာသာ​ရေး​ကိစ္စကို သူတို့​နဲ့​ မ​ဆွေး​နွေး​လိုပါ။ မိမိမကြိုက်ရင် မိမိ မလုပ်နဲ့​ပေါ့​။

ဒါ​ပေမယ့်​ သူတို့​က ပညာ​ပေး​ချင်ကြတယ်။ ချမ်း​သာဖို့​ ယတြာ​တွေလုပ်တယ်။ နတ်​ဒေဝတာ​တွေကို အ​မွှေး​တိုင်​တွေနဲ့​ ပူ​ဇော်တယ်။ ဖ​ယောင်း​တိုင်​တွေကို ​နေ့​လယ် ​နေပူကျဲကျဲမှာ ထွန်း​လို့​ ပူ​ဇော်တယ်။ ချမ်း​သာလိုကြတယ်။ ​လေထုညစ်ညမ်း​ပြီး​ မကျန်း​မာတဲ့​ ​နေရာမှာ ချမ်း​သာကြရင် အဆင်​ပြေပါ့​မလား​။ စဉ်း​စား​ကြည့်​ရင် သ​ဘော​ပေါက်ကြမှာပါ။

ပတ်ဝန်း​ကျင်နဲ့​ ပတ်သက်ပြီး​ စဉ်း​စား​ရင် မျက်စိလည်စရာ ​ကောင်း​တယ်။
ကျ​နော်တို့​ဟာ တချို့​အချက်​တွေကို ခုန်ပြီး​ စဉ်း​စား​လို့​ မရဘူး​။
ဝါး​တူမသုံး​ဘဲ ပလတ်စတစ်တူသုံး​တဲ့​ကိစ္စ။ ချမ်း​သာတဲ့​သူ​တွေ ဆင်စွယ်တူ​တွေ သုံး​ကြတယ်။ ဒါဆိုရင် ဆင်​တွေ ဘယ်​လောက်​သေကြမလဲ။ လူ​တွေဟာ ​ရှေး​ကတည်း​က တိရစ္ဆာန်အ​ရေ​တွေ၊​ အရိုး​တွေကို အသုံး​အ​ဆောင်အ​နေနဲ့​ သုံး​ခဲ့​တာပဲ။

ဝါး​ရိုး​တွေကို အထည်ချုပ်ရာမှာ သုံး​တယ်။ ​မောင်​ပေါက်ကျိုင်း​ နဂါး​နိုင်မင်း​အ​ကြောင်း​မှာ “ရာ​ပေး​လို့​ ဆုတ်၊​ ​ထောင်​ပေး​လို့​ချုပ်၊​ ချစ်တဲ့​သူအရိုး​ ဆံထိုး​လုပ်” ဆိုတဲ့​စကား​ဟာ အရိုး​တွေအ​ရေ​တွေကို သုံး​တာ အထင်အရှား​ သိနိုင်တယ်။

သား​ရေ​တွေကို ဖိနပ်အတွက် သုံး​တယ်။ သို့​သော် တဖြည်း​ဖြည်း​နဲ့​ တိရစ္ဆာန်အရိုး​တွေအ​ရေ​တွေ ရှား​လာတယ်။ ဒါ​ကြောင့်​ ပလတ်စတစ် ပိုလီမာ​တွေ အစား​ထိုး​ဝင်​ရောက်လာတယ်။ ပလတ်စတစ်​တွေဟာ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​မှာ အ​ရေး​ပါတဲ့​ ကဏ္ဍတခုအ​နေနဲ့​ ပါခဲ့​တာ မဟုတ်လား​။

တကယ်လို့​ ပိုလီမာ​တွေမရှိဘဲ ဖိနပ်​တွေကို ချုပ်ရမယ်ဆိုရင် ဖိနပ်​တွေ အ​တော်​ဈေး​ကြီး​မှာပဲ။ ကျ​နော်တို့​ ငယ်ငယ်က ဖိနပ်တရန် ဝယ်စီး​ဖို့​ အ​တော်စဉ်း​စား​ ယူရတယ်။ အများ​စုက ဖိနပ်မစီး​နိုင်ကြဘူး​။ ဒီအတိုင်း​ပဲ အညာခရီး​တွေမှာ ထန်း​ခေါက်ဖာကို တွင်တွင်ကျယ်ကျယ်သုံး​ခဲ့​တာ ၁၉၆ဝခုနှစ်များ​ အထိပဲ။ ခု​ခေတ် လူငယ်​တွေ ထန်း​ခေါက်ဖာကို မြင်​တောင် မမြင်ဖူး​တော့​ဘူး​။ ကျ​နော် ဆိုလိုတာက ပတ်ဝန်း​ကျင်နဲ့​ ပတ်သက်ပြီး​ ပလတ်စတစ်​တွေ ထိလိုက်ရင် အမျှင်​တွေ တသီတတန်း​ကြီး​ ထွက်လာ​တော့​မှာ အ​သေအချာပဲ။

နိဂုံး​ချုပ်​ပြောရရင်​တော့​ ကျ​နော်တို့​ဟာ ပတ်ဝန်း​ကျင်ကို ​ပေယျာလကန် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး​ ပစ်စလက်ခတ်ထား​လို့​ မရတာ​တော့​ အ​သေအချာပဲ။ ကျ​နော်တို့​ ငယ်ငယ်က ပတ်ဝန်း​ကျင် ထိန်း​သိမ်း​မှုဟာ အိမ်သာနဲ့​ ​ရေအိုင် အ​ကြောင်း​ကိုသာ အဓိကထား​ကြတယ်။ အိမ်သာက ယင်၊​ရေအိုင်က ခြင်၊​ဒီနှစ်ခုလုံး​ဟာ ကျ​နော်တို့​ကို အများ​ကြီး​ ဒုက္ခ​ပေး​ခဲ့​တယ်။ ခြင်နဲ့​ယင်ကို ယ​နေ့​တိုင် ကျ​နော်တို့​ မနိုင်ကြ​သေး​ပါဘူး​။

တခါတရံ ဝမ်း​ပျက်ဝမ်း​လျှော​တွေ ရှိ​နေ​သေး​တယ်။ ခြင်​ကြောင့်​ ​သွေး​လွန်တုပ်​ကွေး​တွေ ဖြစ်​နေ​သေး​တယ်။ ဒါ​ပေမဲ့​ အ​တော်အသင့်​တော့​ ထိန်း​ထား​နိုင်တယ်။ လူထုက ကူညီမှဖြစ်တဲ့​ကိစ္စ​တွေပါ။ လူအလစ်မှာ ​မြောင်း​ဖုံး​ကိုလှန် ကျွတ်ကျွတ်အိတ်​တွေနဲ့​ အမှိုက်​တွေ ပစ်​နေတာ တား​ရခက်ပါတယ်။ ဒီမိုကရစီ​ခေတ်မှာ ပတ်ဝန်း​ကျင်ကိစ္စ မိမိကိုယ်တိုင် တာဝန်ယူပါ။ ပညာ​ပေး​ပါ။ ​ဆွေး​နွေး​ပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013