Home
မြန်မာသတင်း
ဆိုင်​ကယ်​စီးလာသူ ၂ ​ဦး မိုးကြိုးပစ်​ခံရ၊ ၁ ဦးသေဆုံး
DVB
·
May 29, 2017
18699786_110654472858908_8964351371808057337_n
  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-မော်တင်ကားလမ်း ကိုင်းချောင်းတံတာအနီးမှာ ဆိုင်ကယ်စီးလာသူ ၂ ဦး မေ ၂၈ နေ့ ညနေ ၄ နာရီခွဲက မိုးကြိုးပစ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ငပုတောမြို့နယ် ကမ်းနီတမန်ချောင်းနေ မင်းထက်အောင်(ခ)ထက်ထက် (၁၈) နှစ် မောင်းနှင်ပြီး တရွာတည်းနေ နေမျိုးနိုင် (၁၇) နှစ် နောက်မှ စီးနင်းလာသူတို့ ပုသိမ်မှ ကန်းနီကျေးရွာကို ပြန်လာစဉ် ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၆-၁၆/၇ ကြား ကိုင်းချောင်းတံတားအနီး လျှပ်စီး လက်စဉ် မိုးကြိုးပစ်ခံရတဲ့အတွက် ဆိုင်ကယ်တိမ်းမှောက်ကာ နေမျိုးနိုင်မှာ မိုးကြိုးလျှပ်စီးကြောင့် နား/မျက်လုံးတွေက သွေးစီးလျက်နေရာမှာပင် သေဆုံးခဲ့တာပါ။ မင်းထက်အောင်မှာ ခါးအောက်ပိုင်းလှုပ်မရ၊ ဝဲဒူး ပွန်းပွဲ ဒဏ်ရာရရှိတဲ့အတွက် ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရပါတယ်။ ပုသိမ်မြို့နယ် တလပ်ခွာနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၀၇)အရ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ တာဝန်ခံ နယ်ထိန်း ကိုစိုးမိုးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ မိုးဦးရာသီ လျှပ်စီးမိုးကြိုး အများအပြားဖြစ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် မှ ကြိုတင်ပြောကြားထားသလို မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးကြိုးထိမှန် သေဆုံးမှုတွေ ရှိနေပါ တယ်။ သတင်း - ကျော်မင်းဟန်၊ ဟိန်းစိုးလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024