A d v e r t i s e m e n t With Us

စစ်သွေးကြွစခန်းများကို အီဂျစ်တိုက်လေယာဉ်အုပ်စုကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

လစ်ဗျားနိုင်ငံထဲက အကြမ်းဖက်သမားတွေရဲ့ စစ်စခန်းတွေကို အီဂျစ်အစိုးရက လေကြောင်းကနေ ထပ်ပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အီဂျစ်စစ်တပ်က ပြောပါတယ်။ အီဂျစ်နိုင်ငံထဲက ခရစ်ယာန်တွေကို သတ်မှုမှာ တာဝန်ရှိတဲ့ စစ်သွေးကြွတွေကို ဒီစခန်းတွေမှာ သင်တန်းပေးခဲ့တာလို့ ဆိုပါတယ်။ မေ ၂၆ ရက်နေ့က ခရစ်ယာန်တွေ သတ်ဖြတ်ခံရအပြီး နာရီပိုင်းအတွင်း လစ်ဗျားအရှေ့ပိုင်းမှာ ရှိတဲ့ စခန်းတွေကို အီဂျစ်တိုက်လေယာဉ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ တာပါ။ အီဂျစ်နိုင်ငံ တောင်ပိုင်း မဲ့နီယာခရိုင်ထဲက ဘုန်းတော်ကြီးကျောင်းဆီ သွားတဲ့လမ်းပေါ်က ကားတွေပေါ်ကို မျက်နှာဖုံးစွပ် စစ်သွေးကြွတွေ တက်လာပြီး အနီးကပ်ပစ်ခတ်မှုကြောင့် လူ ၂၉ ယောက် သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ စစ်သွေးကြွတွေဟာ ခရီးသည်တွေအား ကိုးကွယ်မှုအပေါ် မူတည်ခွဲခြားပြီးမှ ခရစ်ယာန်တွေကို သတ်ခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင် တယောက်က ပြောပါတယ်။ ဒီလုပ်ရပ်ကို သူတို့လုပ်တာလို့ အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက အခိုင်အမာ ပြောပါတယ်။ အီဂျစ်နိုင်ငံအတွင်း လူနည်းစု ခရစ်ယာန်တွေအပေါ် တိုက်ပွဲဆင်နွှဲမှု နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်း ဗုံးခွဲခံရလို့ လူ ၄၅ ယောက်ကျော် သေဆုံးခဲ့ပြီး အဲဒီ လုပ်ရပ်ကိုလည်း အိုင်အက်စ်တွေက သူတို့လုပ်ရပ်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up