DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်ကို ပုဂ္ဂိုလ်​ရေး​အရ ထိခိုက်​စေသည့်​ စာအုပ်ဖြန့်​ချိ
DVB
·
February 6, 2012
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည် ​ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ပြင်ဆင်​နေချိန်မှာပဲ သူ့​ကို ပုဂ္ဂိုလ်​ရေး​အရ ​ဝေဖန်ထား​တယ်ဆိုတဲ့​ စာအုပ်တအုပ်ကို ​ဖေ​ဖော်ဝါရီ လဆန်း​မှာ ဖြန့်​ချိလိုက်ပါတယ်။

စာ​ရေး​သူ ​အောင်မြတ်ဦး​က ​အောင်ဆန်း​စုကြည် သို့​မဟုတ် ဒီမိုက​ရေစီ လင်း​လက်ကြယ်စင် အမည်​ပေး​ထား​တဲ့​ စာအုပ်မှာ မျက်နှာဖုံး​မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဓာတ်ပုံ​တွေကို အသား​ပေး​ဖော်ပြထား​ပေမယ့်​ အတွင်း​ပိုင်း​ စာသား​တွေမှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို တိုက်ခိုက်တာ​တွေ ပါတယ်လို့​ အဲဒီစာအုပ်ကို ဖတ်ခဲ့​ရသူ​တွေက ​ပြောပါတယ်။

အောင်မြတ်ဦး​ရေး​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် စာအုပ်ဟာ အရင် အစိုး​ရပိုင် သတင်း​စာ​တွေမှာပါတဲ့​ ​ဆောင်း​ပါး​တွေပုံစံ ​ရေး​ထား​တာလို့​ စာအုပ်ဖတ်ရှုခဲ့​တဲ့​ မန္တ​လေး​မြို့​နေ သတင်း​ထောက်တဦး​က ​ပြောပါတယ်။

“အထဲမှာဆို စုကြည်တို့​ ဘာတို့​ လုပ်ထား​တယ်။ ​နောက်ဆုံး​ သူမဟာ နိုင်ငံ​ရေး​ ဘာမှမသိဘူး​ဆိုတာမျိုး​၊​ မိုက်ကယ်အဲရစ်နဲ့​ ရတာတို့​၊​ သူမက​တော့​ ​ပြောတာ​ပေါ့​။ ကံကြမ္မာရဲ့​ ​စေစား​ရာ၊​ နိုင်ငံခြား​သား​နဲ့​ ရတာတို့​၊​ အဲလိုမျိုး​ အတည်​ပေါက်​တွေ လုပ်ထား​ပြီး​ အခုကျ​တော့​မှ ​နောက်ဆုံး​ခန်း​ကျ​တော့​ အ​ကောင်း​ပုံစံနဲ့​ ပြန်ဖြန့်​ရေး​သွား​တယ်။ ​နောက်ဆုံး​မှာ ​ဒေါ်စုရဲ့​ ​ကောက်နှုတ်ချက်​လေး​တွေကို ​ဖော်ပြထား​တယ်။ ​နောက်ဆုံး​စာမျက်နှာ သုံး​လေး​ရွက်​လောက် လှန်ကြည့်​ရင်​တော့​ အ​ကောင်း​လို့​ ယူဆစရာ ရှိတယ်။ အလယ်နား​နဲ့​ ​ရှေ့​ပိုင်း​တွေမှာ ​သေချာကြည့်​တော့​မှ သတင်း​စာ​တွေမှာ ပါး​ပါး​လေး​နဲ့​ဆော်တဲ့​ ​ပေါ်လစီ ​ဆောင်း​ပါး​ရှင်​တွေ အတိုင်း​ပဲ။ ​တော်​တော်ဆိုး​ဆိုး​ဝါး​ဝါး​ လုပ်တယ်။ ဘယ်​လောက်ထိ​အောင် လုပ်လဲဆိုရင် သူမကို ​ဒေါ်လာ​ငွေ ၂ သန်း​ ​ပေး​ဖို့​အတွက် ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆု​ပေး​လိုက်တယ်တို့​၊​ သူမက ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆုနဲ့​ ထိုက်တန် မတန် မသိဘူး​။ သူမ​တော့​ နိုဘယ်လ်ဆု ရရှိသွား​ပြီတို့​၊​ သူမကို ပထမဆုံး​ နိုင်ငံ​ရေး​ စင်မြင့်​ပေါ်တင်​ပေး​တာ ဗကပ ထွန်း​ဝေကြီး​တို့​၊​ ဗကပ တင်လို့​ ​ရောက်လာတယ်တို့​၊​ အဲဒါမျိုး​တွေ​ပေါ့​။”

စာ​ရေး​သူ ​အောင်မြတ်ဦး​ဟာ တိုက်ရိုက် မဟုတ်ဘဲ တခြား​ သတင်း​ဌာန​တွေကို ကိုး​ကား​ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို တိုက်ခိုက်တာ​တွေ ​ရေး​ခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။

“သူမကို နိုင်ငံ​ရေး​ ဝါရင့်​သတင်း​သမား​ တဦး​က သုံး​သပ်တာမျိုး​၊​ ဘယ်သူလို့​လည်း​ မ​ပြောဘဲ အတည်​ပေါက်​ရေး​ထား​တယ်။ ​နောက်တခါ နိုင်ငံခြား​ သတင်း​ထောက် တဦး​ပြောတာက​တော့​ ဆိုတာမျိုး​၊​ သူ​ပြောသလိုမျိုး​ မဟုတ်ဘဲနဲ့​ တခြား​သူတ​ယောက်က ​ပြောသလိုမျိုး​၊​ အဲဒါ​တွေကို ဖြန့်​ရေး​ချထား​တာ။ အကြမ်း​ဖျင်း​ လိုရင်း​ကို ​ပြောရရင် သူဟာ ​တောက်​လျှောက် ထိပ်တိုက်ရင်ဆိုင်မှု​တွေ လုပ်တယ်။ သူမကို ရင်း​နှီး​သူများ​က စုကြည်လို့​ခေါ်တယ်။ ​နောက်တခါ အမျိုး​သား​ဒီမိုက​ရေစီပါတီတဲ့​။ အမျိုး​သား​ဒီမိုက​ရေစီ ပါတီဆိုတာက ​ဒေါက်တာစိန်ဝင်း​တို့​ ပါတီ၊​ သူ(စာ​ရေး​သူ)မသိဘူး​။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်နဲ့​ ပါတီနဲ့​ကို သူမကွဲဘူး​။”

ဒေါ်​အောင်ဆန်း​စုကြည် အ​ကြောင်း​ပါတဲ့​ ဒီမိုက​ရေစီ သို့​မဟုတ် လင်း​လက်ကြယ်စင် စာအုပ်ဟာ ဆန်း​လှစာ​ပေက ထုတ်​ဝေဖြန့်​ချိတာဖြစ်ပြီး​တော့​ ​ရောင်း​ဈေး​က​တော့​ ၃၅၀ ကျပ်ပါ။ ဒါဟာ တခြား​ စာအုပ်​ဈေး​နှုန်း​တွေနဲ့​ နှိုင်း​ယှဉ်ရင် စီး​ပွား​ရေး​အရ အရှုံး​ခံပြီး​ထုတ်ခဲ့​တာလို့​လည်း​ ​ပြောကြပါတယ်။

အဲဒီစာအုပ်ကို ဖတ်ခဲ့​သူ တဦး​ကလည်း​ “သူက တချို့​ဟာ​တွေကျ​တော့​ ဗိုလ်ချုပ်ရဲ့​သမီး​၊​ ​ဒေါ်ခင်ကြည်ရဲ့​သမီး​၊​ ​နောက်ဗိုလ်လ​ရောင်ရဲ့​ မြစ်​ပေါ့​။ ဒါ​တွေက အလွန် အစဉ်အလာရှိခဲ့​တဲ့​ ​သွေး​က​နေ စီး​ဆင်း​လာ​ပေမယ့်​ သူမကို​တော့​ သာမန်သ​ဘော သက်​ရောက်​အောင် ​ရေး​ထား​တယ်” လို့​ ​ပြောပါတယ်။

အရင် နဝတ၊​ နအဖ ​ခေတ်မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို အစိုး​ရပိုင် မီဒီယာ​တွေကသာ စာအုပ်ထုတ်​ဝေတာ ရှိခဲ့​ပေမယ် အခု ပထမဦး​ဆုံး​အ​နေနဲ့​ ပုဂ္ဂလိကပိုင် စာ​ပေတိုက်က​နေ ဖြန့်​ချိတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013