DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမား​များ​ ဆန္ဒပြ
DVB
·
February 6, 2012
Donate to DVB

ရန်ကုန်တိုင်း​ လှိုင်သာယာ စက်မှုဇုန် ၃ က တရုတ်အမျိုး​သား​ပိုင် တိုင်ရီ (TAI YI) ဖိနပ်စက်ရုံမှာ လုပ်အား​ခလစာ တိုး​မြှင့်​ရလိုမှုအတွက် အလုပ်သမား​ ရာ​ပေါင်း​များ​စွာ ဒီက​နေ့​ မနက် ၇ နာရီကစပြီး​ အလုပ်မဆင်း​ဘဲ ဆန္ဒပြကြပါတယ်။

ဖိနပ်စက်ရုံက ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလအတွက် ​ပေး​ရမယ့်​ လုပ်ခလစာ​တွေ ဖြတ်​တောက်ခဲ့​တဲ့​အတွက်​ကြောင့်​ ဆန္ဒပြကြတာလို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

ဇန်နဝါရီလအတွင်း​ တရား​ဝင်ပိတ်ရက် ၅ ရက်အပြင် တရုတ်နှစ်သစ်ကူး​ ၅ ရက်ပါ စက်ရုံပိတ်ပြီး​ ပိတ်ရက်​တွေအတွက် လစာထဲက ဖြတ်​တောက်တာ​ကြောင့်​ အလုပ်သမား​တွေရဲ့​ စား​ဝတ်​နေ​ရေး​ကို ထိခိုက်တဲ့​အတွက် မဖြတ်​တောက်ဖို့​ဆိုတဲ့​ ရည်ရွယ်ချက်နဲ့​ ဆန္ဒထုတ်​ဖော်ခဲ့​ကြတာလို့​ အလုပ်သမား​တဦး​က ​ပြောပါတယ်။

“တ​နေ့​ကို ၈ နာရီ ၁,၇၀၀ ရတယ်၊​ ဒီလ ၆ ​သောင်း​ကျော်ပဲ ရတယ်။ ဒါ​ပေမယ့်​ ဒီပြင်ဟာ​တွေနဲ့​ ​ပေါင်း​မှ ၆ ​သောင်း​ရတာ​လေ။ အဲဒါ​တွေ မပါရင် သိပ်မရဘူး​။ နည်း​နည်း​ပဲရမယ်၊​ ရက်၂၀ ဆင်း​ရတယ်ဆိုရင် ရက်၂၀ ခရယ်၊​ မုန့်​ဖိုး​ ၉,၀၀၀ ရယ်၊​ နှစ်​ကြေး​ရယ်၊​ အဲဒါမျိုး​နဲ့​ပေါင်း​တာ။ အဲဒါအ​ခြေခံလစာ နည်း​လို့​ဆိုပြီး​ ၂၅၀ တိုး​တောင်း​နေတာ။”

ဒီကိစ္စကို မြို့​နယ်ဖျန်​ဖြေ​ရေး​အဖွဲ့​က လာ​ရောက်ပြီး​ ​ဖြေရှင်း​ပေး​တာ ​ကျေနပ်စရာ​ကောင်း​တယ်လို့​ အလုပ်သမား​ခေါင်း​ဆောင် ကိုသန်း​က ​ပြောပါတယ်။

“တရုတ်နှစ်သစ်ကူး​နေ့​ဆိုပြီး​ အလုပ်ရှင်က ၅ ရက်ပိတ်တယ်။ အဲဒီဟာနဲ့​တွဲပြီး​ ၁၀ ရက် ​ပေါင်း​ပိတ်လိုက်တယ်။ အဲဒီအ​ပေါ်မှာ လုပ်ခလစာ ဖြတ်​တောက်​တော့​ ၁၂,၀၀၀ ​လောက် ဖြတ်​တောက်ခံရတယ်။ တချို့​တော့​ ၇,၀၀၀၊​ ၈,၀၀၀ ​လောက် ဖြတ်ခံရတယ်။ မတူကြဘူး​။ အဲဒီအ​ပေါ်မှာ စား​ရေး​သောက်​ရေး​ အခက်အခဲ​တွေ ဖြစ်လာ​တော့​ ထ​တောင်း​ဆိုကြတာပဲ။ အဓိက ​တောင်း​တာ​တွေက​တော့​ အ​ခြေခံလစာ တိုး​တောင်း​တာ​ပေါ့​။ အ​ခြေခံလစာက တနာရီကို ၇၅ ကျပ် သတ်မှတ်ထား​တယ်၊​ အခုက ၂၅၀ ထိ တိုး​တောင်း​တယ်။ မြို့​နယ်အလုပ်သမား​ ဖျန်​ဖြေ​ရေး​ကော်မတီက ပုဂ္ဂိုလ်​တွေ ​ရောက်လာပြီး​တော့​ အလုပ်သမား​တွေရဲ့​ ထုံး​စံက ​ခေါင်း​ဆောင်မထွက်ဘူး​။ သူတို့​စာရွက်​တွေ​ပေါ်မှာ ​ရေး​ခိုင်း​တယ်။ လိုလား​ချက်​တွေကို ​ရေး​ခိုင်း​တယ်။ ​နောက်ပြီး​ အ​ဆောင်​နေထိုင်​ရေး​ စား​သောက်​ရေး​ အဆင်​ပြေဖို့​၊​ အဲဒါ​တွေလည်း​ပါတယ်။ ဒါ​ပေမယ့်​ အလုပ်ရှင်က​တော့​ အ​ကြောင်း​မပြန်​သေး​ဘူး​။”

ဒီလို လတ်တ​လော ကိစ္စ မ​ပေါ်ခင်ကတည်း​က အစိုး​ရက အလုပ်သမား​တွေရဲ့​ လုပ်အား​ခလစာကို လုံ​လောက်​အောင် ရပ်တည်နိုင်တဲ့​ အနိမ့်​ဆုံး​ သတ်မှတ်​ပေး​ခြင်း​ မရှိဘူး​လို့​ ကိုသန်း​က ​ပြောပါတယ်။

“တရုတ်ပြည်ဆိုလည်း​ရှိတယ်။ ဗီယက်နမ်ဆိုလည်း​ရှိတယ်။ ဒါ​ပေမယ့်​ ဒီမှာ အဲဒီလိုသတ်မှတ် မ​ပေး​သေး​ဘူး​။ အလုပ်ရှင်က သူ့​ဟာသူ သတ်မှတ်တာ။ ၅,၀၀၀ အထိကို သတ်မှတ်တာ။ ၅,၀၀၀ ဆိုတာ ဘယ်လိုမှ စား​လောက်တဲ့​လစာ မဟုတ်ဘူး​။ တလလုံး​ ၅,၀၀၀ ဆိုတာ ယုံနိုင်စရာ​တောင် မရှိဘူး​။ ကျ​နော်တို့​မှာ မှတ်တမ်း​တွေရှိတယ်။”

အဲဒီဖိနပ်စက်ရုံက အလုပ်သမား​တွေဟာ မနှစ် နှစ်ဦး​ပိုင်း​တုန်း​ကလည်း​ တနာရီလုပ်အား​ခ ၅၀ ကျပ် ရရှိ​နေတာကို ၁၀၀ ကျပ်အထိ တိုး​တောင်း​ရာက တနာရီ ကျပ် ၇၀ ကျပ်နဲ့​ ​ပြေလည်ပြီး​ ဆန္ဒပြမှုကို ရုပ်သိမ်း​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013