Home
မြန်မာသတင်း
မိတ္ထီလာမြို့ရှောင်လမ်းတွင် ၁၄ ဘီးကားနှင့် ဆိုင်ကယ်တိုက်မိ
DVB
·
May 28, 2017
  မိတ္ထီလာမြို့ရှောင်လမ်းမှာ ၁၄ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိတဲ့အတွက် ဆိုင်ကယ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူ တို့ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှောင် လမ်းပျဉ်သာကျေးရွာအနီး မိုင်တိုင် ၈/၁ နဲ့ ၂ အကြား မေလ ၂၇ ရက် နေ့လယ် ၁ နာရီတွင် ဦးဝင်းကြည်မောင်းတဲ့ ၁၄ ဘီးကားနဲ့ ဆိုင်ကယ်တို့ တိုက်မိရာ ဆိုင်ကယ်မောင်းသူ စိုးဝင်းထက်နဲ့ နောက်မှစီးသူ ရာကျော်တို့ ဒဏ်ရာရကြတာပါ။ "ရာကျော်ရဲ့ညာဘက်နားနဲ့ နှာခေါင်းက သွေးထွက်နေတယ်။ ဘယ်မျက်ခုံးဖူးရောင်တယ်။ သတိလစ်နေတယ်။ စိုးရိမ်ရတယ်။ စိုးဝင်းထက် ဘယ်ဘက်လက်ပြင်တံတောင်ဒူးတွေ ပွန်းပဲ့ ကုန်တယ်။ နှစ်ယောက်လုံး မိတ္ထီလာဆေးရုံပို့ပေးရတယ်"လို့ ဒုရဲအုပ်အောင်သူမင်းက ပြောပါတယ်။ ပျဉ်သာရွာနေ ကိုမောင်မောင်က "တောင်ကြီးသာစည်လမ်းနဲ့ မြို့ရှောင်လမ်းဆုံတဲ့နေရာပဲ ခဏခဏမတော်တဆဖြစ်တယ်၊ သတိပေးဆိုင်းဘုတ်လေးထောင်ပေးသင့်တယ်" လို့ ပြောပါတယ်။ မိတ္ထီလာမြို့ရဲစခန်းမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၇ နဲ့ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၈ တို့နဲ့ ဦးဝင်းကြည်၊ စိုးဝင်းထက်တို့ ၂ ဦးကို အမှုဖွင့်ထားပါတယ်။ သတင်း-မောင်းမောင်းလင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024