DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံ​စေတီနှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ပွဲ ကျင်း​ပမည်
DVB
·
February 6, 2012
ရွှေတိဂုံ​စေတီနှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ပွဲ ကျင်း​ပမည်
Donate to DVB

ကမ္ဘာ့​အံ့​ဖွယ်တပါး​ဖြစ်တဲ့​ ​ရွှေတိဂုံ​စေတီ​တော်ကြီး​ရဲ့​ နှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ အထိမ်း​အမှတ်ပွဲ​တော်ကို အစီအစဉ်မျိုး​စုံနဲ့​ ထူး​ထူး​ခြား​ခြား​ကျင်း​ပဖို့​ပြင်ဆင်​နေတယ်လို့​ ​ရွှေတိဂုံဘုရား​ ​ဂေါပကအဖွဲ့​ဝင် တဦး​က ​ပြောပါတယ်။

“ဒီနှစ်က​တော့​ ထူး​ထူး​ခြား​ခြား​ ​တော်​တော်များ​တယ်။ အထက်ပစ္စယံ​ရော၊​ အလယ်ပစ္စယံ​ရော၊​ ​အောက်ပစ္စယံ​ရော အကုန်လုံး​အပြည့်​ပေါ့​။ အရင်နှစ်​တွေထက် အ​တော် ထူး​ထူး​ခြား​ခြား​ လုပ်မယ်လို့​ အကြမ်း​ဖျင်း​ သိထား​ပါတယ်။ ဇာတ်​တော်ကြီး​တွေ ပြဇာတ်​လေး​တွေဝင်မယ်။”

ပွဲ​တော်ရက်ကို လာမယ့်​ ​ဖေ​ဖော်ဝါရီ ၂၂ ရက် တ​ပေါင်း​လဆန်း​ ၁ ရက်​နေ့​ကစပြီး​ မတ်လ ၇ ရက် တ​ပေါင်း​လပြည့်​နေ့​ အထိ ၁၅ ရက်ကြာ ကျင်း​ပမှာပါ။

ဘုရား​ရင်ပြင်​တော်​ပေါ်မှာ​တော့​ ပဋ္ဌာန်း​ရွတ်ပွဲ​တွေ၊​ ပန်း​ပေါင်း​ ၂၆,၀၀၀ ပူ​ဇော်မယ့်​ ပန်း​ပေါင်း​စုံပူ​ဇော်ပွဲ၊​ ဆီမီး​ ၂,၆၀၀၀ ပူ​ဇော်မယ့်​ ဆီး​မီး​ကပ်လှူပွဲ​တွေနဲ့​ သံဃာ​တော်အပါး​ ၂၆၀၀ ကို ဆွမ်း​ကပ်မယ့်​ ဆွမ်း​ဆန်စိမ်း​ ​လောင်း​လှူပွဲ​တွေလည်း​ လုပ်ဖို့​အစီအစဉ် ရှိပါတယ်။

တောင်ဘက်မုခ်က တပ်မ​တော် ဓမ္မာရုံမှာ တရား​ပွဲ​တွေကျင်း​ပဖို့​ ရှိပြီး​ အ​နောက်ဘက်မုခ်နဲ့​ အာဇာနည်ကုန်း​ဘက်​တွေမှာ နာမည်ကြီး​ ဇာတ်သဘင် အငြိမ့်​တွေ ခြင်း​အလှခတ်ပွဲ​တွေ၊​ ​ပျော်ပွဲရွှင်ပွဲ​တွေနဲ့​ ​ဈေး​ရောင်း​ပွဲ​တွေ ကျင်း​ပဖို့​ ရှိပါတယ်။

ဒါ့​ပြင် ​ရွှေတိဂုံ ဘုရား​ထီး​တော်​ဟောင်း​တွေကို ကရဝိတ်​ဖောင်​တွေနဲ့​တင်ပြီး​ ဗုဒ္ဓဆံ​တော်ပင့်​ လာခဲ့​ဖူး​တဲ့​ လမ်း​ကြောင်း​ တ​လျောက် ပူ​ဇော်ခံဖို့​ရှိတယ်လို့​ ​ဂေါပကအဖွဲ့​က ​ပြောပါတယ်။

ရွှေတိဂုံ ​စေတီ​တော်ရဲ့​ ဂုဏ်​တော်​တွေကို ရည်ညွှန်း​ဖွဲ့​ဆိုထား​တဲ့​ စာ​တွေ ​ဆောင်း​ပါး​တွေ သမိုင်း​အချက်အလက်​တွေနဲ့​ ဓာတ်ပုံထည့်​သွင်း​ထား​တဲ့​ရွှေတိဂုံ (၂၆ဝဝ) ပြည့်​ အထူး​ထုတ် ဓမ္မမဂ္ဂဇင်း​ကိုလည်း​ ထုတ်​ဝေထား​တယ်လို့​သိရပါတယ်။

ရွှေတိဂုံ​စေတီ​တော်ကြီး​ဟာ ပင်လယ်​ရေမျက်နှာပြင်အထက် ၁၆၈ ​ပေအမြင့်​ ရန်ကုန်မြို့​ သိင်္ဂုတ္တရကုန်း​တော်​ပေါ်မှာ တည်ရှိပါတယ်။ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၂၆၀၀ က မဟာသက္ကရာဇ် ၁၀၃ ခု တ​ပေါင်း​လပြည့်​နေ့​မှာ ရာမညတိုင်း​က တပုဿ နဲ့​ဘလ္လိက ကုန်သည် ညီ​နောင်တို့​ ပင့်​ဆောင်လာတဲ့​ ဗုဒ္ဓဆံ​တော်​တွေကို ဌာပနာတိုက်သွင်း​ပြီး​ တည်ထား​ကိုး​ကွယ်ခဲ့​တာ ဖြစ်ပါတယ်။

ရွှေတိဂုံ​စေတီ​တော်ကြီး​ဟာ ပွင့်​တော်မူပြီး​ဖြစ်တဲ့​ ကကုသန် ဘုရား​ရဲ့​ ​တောင်​ဝှေး​တော်၊​ ​ကောဏာဂုံဘုရား​ရဲ့​ ​ရေစစ်​တော်၊​ ကဿပဘုရား​ရဲ့​ ​ရေသနုပ်​တော်နဲ့​ ​ဂေါတမဘုရား​ရဲ့​ ဆံ​တော်​တွေကို ဌာပနာထား​တဲ့​အတွက် ​လေး​ဆူဓာတ်ပုံ ​ရွှေတိဂုံလို့​ဘွဲ့​အမည်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013