DVB Logo
Home
မြန်မာသတင်း
အ​နောက်ကုမ္ပဏီများ​ မြန်မာပြည်ကို စိတ်ဝင်စား​မှု နည်း​နေ​သေး
DVB
·
February 6, 2012
Donate to DVB

မြန်မာပြည်မှာ စီး​ပွား​ရေး​လုပ်ကိုင်ဖို့​ အာရှနိုင်ငံ​တွေက စိတ်ဝင်စား​နေ​ပေမယ့်​ အ​နောက်နိုင်ငံ​တွေဘက်က စိတ်ဝင်စား​မှု နည်း​နေ​သေး​တယ်လို့​ မြန်မာနိုင်ငံ ကုန်သည်များ​နှင့်​စက်မှုလက်မှု လုပ်ငန်း​ရှင်များ​အသင်း​ချုပ် (UMFCCI) က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ နှစ်ဆန်း​ပိုင်း​စလို့​ နိုင်ငံတကာက စီး​ပွား​ရေး​ကုမ္ပဏီ​တွေနဲ့​ ​နေ့​စဉ် ​တွေ့​ဆုံ​နေရတယ်ဆိုတဲ့​ ရန်ကုန်အ​ခြေစိုက် UMFCCI အဖွဲ့​ရဲ့​ အတွင်း​ရေး​မှူး​ ​ဒေါက်တာမျိုး​သက်က အခုအချိန်ထိ အများ​ဆုံး​ စိတ်ဝင်စား​ကြတာ အာရှ နိုင်ငံ​တွေ ဖြစ်​နေ​သေး​တယ်လို့​ ​ပြောပါတယ်။

“အထူး​သဖြင့်​ ဂျပန်တို့​ ကိုး​ရီး​ယား​တို့​ အများ​ဆုံး​ပါပဲ။ အ​နောက်ဘက်က​တော့​ နည်း​ပါ​သေး​တယ်။ သူတို့​က​တော့​ သံတမန်နည်း​လမ်း​က​နေပဲ ​တော်​တော်များ​များ​က​တော့​ ကျ​နော်တို့​ကိုလာပြီး​ ​မေး​တယ်။ အ​နောက်က​တော့​ ဘဏ်လုပ်ငန်း​ရှင်​တွေလည်း​ လာတယ်။ ဩစ​တြေး​လျကလည်း​ လာတယ်။ လာ​ပေမယ့်​ အာရှ(အ​ရှေ့​) နဲ့​ စာရင်​တော့​ နည်း​သေး​တာ​ပေါ့​။ အ​ရှေ့​ကြီး​ပဲ မဟုတ်ဘဲ အ​နောက်လည်း​ လာ​စေချင်ပါတယ်။ ဘာလို့​လဲဆို​တော့​ နည်း​ပညာတို့​ တခြား​ ​ငွေ​ကြေး​ပိုင်း​ဆိုင်ရာ ​ထောက်ပံ့​မှု​တွေ​ရော အကုန်လုံး​ကျ​တော့​ အ​နောက်က​တော့​ ပိုအား​ကောင်း​တယ်။ အ​ရှေ့​ရော အ​နောက်​ရော ဝင်လာရင်လည်း​ ကြိုဆိုပါတယ်။”

ပြီး​ခဲ့​တဲ့​နှစ်​တွေက အ​နောက်နိုင်ငံ​တွေက မြန်မာပြည်အ​ပေါ် စီး​ပွား​ရေး​နဲ့​ရင်း​နှီး​မြှုပ်နှံမှု ပိတ်ဆို့​ထား​တဲ့​ အချိန်မှာ အာရှနိုင်ငံ​တွေက အများ​ဆုံး​ ရင်း​နှီး​မြှုပ်နှံခဲ့​ကြပါတယ်။

ရင်း​နှီး​မြှုပ်နှံမှုအား​လုံး​ရဲ့​ ၇၀ ရာခိုင်နှုန်း​ကျော်ကို တရုတ်နဲ့​ ထိုင်း​ ကုမ္ပဏီ​တွေက ရင်း​နှီး​မြှုပ်နှံထား​ကြပြီး​၊​ ကျန်တာ​တွေကို ​ဟောင်​ကောင်၊​ ကိုရီး​ယား​၊​ စင်ကာပူတို့​လို အာရှနိုင်ငံ​တွေက အများ​ဆုံး​ ရင်း​နှီး​မြှုပ်နှံထား​ကြတာ ​တွေ့​ရပါတယ်။ အဓိကအား​ဖြင့်​ လျှပ်စစ်စွမ်း​အား​၊​ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​၊​ သတ္တုတူး​ဖော်​ရေး​ ကဏ္ဍ​တွေမှာ ရင်း​နှီး​မြှုပ်နှံထား​ကြတာပါ။

ကုန်သည်များ​နှင့်​ စက်မှုလက်မှု လုပ်ငန်း​ရှင်များ​ အသင်း​ချုပ်က ​ဒေါက်တာ မျိုး​သက်က အခု​နောက်ပိုင်း​မှာ စိုက်ပျိုး​ရေး​ စက်မှုနဲ့​ ဝန်​ဆောင်မှု ကဏ္ဍမှာ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်လာနိုင်ဖွယ်ရှိတယ်လို့​ ​ပြောပါတယ်။

“မ​လေး​ရှား​ဆိုရင် ရာဘာခြံတို့​ သစ်နဲ့​ တခြား​သစ်​တောထွက် စိုက်ပျိုး​မြေခြံ​တွေ ဒါမျိုး​တွေကို အား​ပေး​လာတယ်။ ထူး​ထူး​ခြား​ခြား​ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​တိုး​တက်​စေမယ့်​ စီမံကိန်း​တွေ​ပေါ့​။ ဒါ​တွေရရင် နည်း​နည်း​ ပိုစိတ်ဝင်စား​လာမယ်။ အခု ဥပမာအား​ဖြင့်​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွေ၊​ သီလဝါ စီမံကိန်း​တွေ၊​ ဘား​အံမှာရှိတဲ့​ စီမံကိန်း​တွေဆို ဂျပန်တို့​ ကိုရီး​ယား​တို့​ လာတာ ပိုများ​တယ်။ ​ရှေ့​လာမယ့်​အပတ် ၁၃၊​ ၁၄ ​လောက်ဆိုရင် စင်ကာပူနိုင်ငံက ကျ​နော်တို့​လို အဖွဲ့​အစည်း​ကပဲ လူ ၁၂၀ ​လောက်လာမယ်။ လုပ်ငန်း​ဆောင်တာ​တွေ ပိုများ​တယ်​ပေါ့​။ ခရီး​သွား​လုပ်ငန်း​တို့​၊​ လျှပ်စစ်ပိုင်း​တို့​၊​ စက်မှုလုပ်ငန်း​တွေ စင်္ကာပူက လာပါလိမ့်​မယ်။ အရင်တုန်း​က ကျ​နော်တို့​ တရုတ်က monopolist (တဦး​တည်း​ ချုပ်ကိုင်ခွင့်​) လုပ်ထား​တယ်။ အခု​တော့​ နိုင်ငံ​တော်အ​နေနဲ့​က အရည်အ​သွေး​ကို ပိုပြီး​တော့​ အား​ပေး​လာပြီး​တော့​ ဂျပန်တို့​ဆိုရင်လည်း​ လျှပ်စစ်စွမ်း​အား​တို့​နဲ့​ ပတ်သက်လို့​လည်း​ ဝင်လာပါတယ်။”

ဇန်နဝါရီလကုန်ပိုင်း​က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့​စ်မြို့​မှာ ကျင်း​ပတဲ့​ စီး​ပွား​ရေး​ ညီလာခံမှာ မြန်မာနိုင်ငံ ရင်း​နှီး​မြှုပ်နှံမှု ​ကော်မရှင်ဥက္ကဋ္ဌ ဦး​စိုး​သိန်း​က မြန်မာနိုင်ငံမှာ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှုများ​အတွက် အခွန်ကင်း​လွတ်ခွင့်​ (tax exemption)​ပေး​ဖို့​ အစီအစဉ်​တွေ ပါဝင်တဲ့​ ဥပ​ဒေတခု ​ရေး​ဆွဲ​နေတဲ့​အ​ကြောင်း​ သတင်း​ထောက်​တွေကို ​ပြောခဲ့​ပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များ​နှင့်​စက်မှုလက်မှု လုပ်ငန်း​ရှင်များ​ အသင်း​ချုပ် (UMFCCI)က အတွင်း​ရေး​မှူး​ ​ဒေါက်တာမျိုး​သက်က နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်​ရောက်လာတဲ့​အ​ပေါ် အခုလို သုံး​သပ်ပါတယ်။

“နိုင်ငံတကာက​တော့​ ကျ​နော်တို့​ နိုင်ငံကို ဆက်သွယ်လာတာ​ပေါ့​။ တခြား​ တိုက်ကြီး​တွေ ​တော်​တော်များ​များ​က နိုင်ငံ​ရေး​ အ​ခြေအ​နေ​တွေ​ကြောင့်​ စီး​ပွား​ရေး​တွေ ကျတယ်။ တခြား​ ဥ​ရောပဘက်​တွေလည်း​ စီး​ပွား​ရေး​တွေဘာ​တွေက ခပ်ရှည်ရှည်ဖြစ်​နေတယ်။ အာဆီယံဘက်ကို လှည့်​လာတယ်။ ကျ​နော်တို့​က ​ရေ​မြေ သဘာဝ သယံဇာတ အရင်း​အမြစ် အ​ခြေခံတဲ့​ တိုင်း​ပြည်ဆို​တော့​ ဒါကို မျက်စိကျပြီး​ ပိုလာတာ​ပေါ့​။ ဒါ​ပေမယ့်​ ကျ​နော်တို့​ နိုင်ငံအ​နေနဲ့​ အရင်း​အမြစ်အ​ခြေခံတဲ့​ တိုင်း​ပြည်က​နေ စက်မှုလက်မှု အ​ခြေခံတဲ့​တိုင်း​ပြည် ဖြစ်​အောင်လို့​ လုပ်​နေတာဆို​တော့​ သူတို့​လာတဲ့​အ​ပေါ်မှာ ကျ​နော်တို့​က တဖြည်း​ဖြည်း​ အသွင်ကူး​ပြောင်း​ ယူရမယ်​ပေါ့​။”

အခုလို စိတ်ဝင်စား​လာကြတာ ​ရွေး​ကောက်ပွဲအပြီး​ မြန်မာပြည်က လက်ရှိ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ပေါ်လစီ​တွေ ပြုပြင်​ပြောင်း​လဲမှု​တွေလုပ်လာတဲ့​ အချိန်နဲ့​ တိုက်ဆိုင်​နေတယ်လို့​ ​ဒေါက်တာမျိုး​သက်က သုံး​သပ်ပါတယ်။

တရား​ဝင် ကိန်း​ဂဏန်း​တွေအရလည်း​ မြန်မာပြည်မှာ ၂၀၁၁ နှစ်ကုန်ပိုင်း​အထိ နိုင်ငံခြား​ ရင်း​နှီး​မြှုပ်နှံမှု စုစု​ပေါင်း​ အ​မေရိကန်​ဒေါ်လာ ဘီလီယံ ၄၀ ​ကျော်ရှိပြီး​၊​ တဝက် (၂၀ ဘီလီယံ) ဟာ ၂၀၁၀-၂၀၁၁ ခုနှစ် အတွင်း​မှာ ရုတ်တရက် ထိုး​တက်ခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013