A d v e r t i s e m e n t With Us

အာစင်ဝင်းဂါးသည် အကောင်းနည်းပြဖြစ်ကြောင်း ချဲလ်ဆီးနည်းပြပြော

အက်ဖ်အေဖလားမှာ ရှုံးနိမ့်ခဲ့ရင်တောင် အာစင်ဝင်းဂါးက အကောင်းဆုံးနည်းပြတဦး ဖြစ်တယ်လို့ ချဲလ်ဆီးအသင်းနည်းပြ ကွန်တီက ပြောဆိုလိုက်ပါတယ်။ အာစင်ဝင်းဂါးဟာ အက်ဖ်အေဖလားသမိုင်းမှာ ဆုဖလားတွေ အများကြီးရယူခဲ့တာကို ကောင်းကောင်းသိပြီး အကောင်းဆုံးနည်းပြတဦးဖြစ်တယ်လို့ အာဆင်နယ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမကစားခင်မှာ ချဲလ်ဆီးနည်းပြကွန်တီက ပြောဆိုလိုက်တာပါ။ အက်ဖ်အေဖလားဗိုလ်လုပွဲဟာ အာစင်ဝင်းဂါးရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်မယ်လို့ မထင်ဘဲ အာဆင်နယ်အသင်းမှာ ဆက်ပြီးနေဖို့ ထိုက်တန်တဲ့သူဖြစ်တယ်လို့လည်း ကွန်တီကဆိုပါတယ်။ အင်္ဂလန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရတာကို နှိမ့်ချပြောဆိုလေ့ရှိပြီး အာစင်ဝင်းဂါးဟာ ဒီနှစ်မှာ ၀င်ခွင့်မရခဲ့တာကလွဲလို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို နှစ်ရှည် ရယူပေးတဲ့သူဖြစ်တယ်လို့ လည်း ကွန်တီက ချီးကျူးခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကို ဒီကနေ့ည ၁၁ နာရီ ယှဉ်ပြိုင်ကစားကြမှာပါ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ အက်စတွန်ဗီလာနည်းပြဟောင်း ဂျော့ ရမ်ဆေးနဲ့အတူ အက်ဖ်အေဖလားကို ၆ ကြိမ်ရရှိထားတဲ့ နည်းပြဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဆုဖလားအများဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်မှာဖြစ်သလို အာဆင်နယ်အသင်းဟာလည်း အက်ဖ်အေဖလား အများဆုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ လွှမ်းမိုးအောင်

A d v e r t i s e m e n t With Us

More News
Up