မိကျောင်းတွေဟာ သားစားကြူးတဲ့ သတ္တ၀ါတွေဖြစ်ပြီး တိုက်ခိုက်သတ်ပုတ်ကြတဲ့ နေရာမှာတော့ တကယ့်ကို နာမည်ကြီးပါတယ်။
ကြီးတဲ့သူက ငယ်တဲ့သူကို နိုင်စတမ်းဆိုတာကတော့ တိရစ္ဆာန်လောကရဲ့ နိယာမ တခုပါပဲ။
ဒါပေမယ့် တခြားအုပ်စုတွေကို တိုက်ခိုက်ရန်မူတာမျိုးမဟုတ်ပဲ အချင်းချင်းချင်း ကိုက်ဖြတ်စားသောက်တာမျိုးကတော့ ရှားတောင့်ရှားပါးပါပဲ။
ဒီအဖြစ်အပျက်ကတော့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ လိတ်ခ်လဲန်းဒ်မှာ ဖြစ်ခဲ့တာပါ။
ဧရာမမိကျောင်းကြီးတကောင်ဟာ မိကျောင်းပေါက်စလေးတကောင်ကို ကိုက်ချီ လာခဲ့တာကို မေ ၂၅ ရက်နေ့ ဒေးလီးစတား အင်တာနက်စာမျက်နှာရဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ဒါဟာ မိကျောင်းငယ်ကို ကိုက်ဖြတ်စားသောက်ဖို့လား၊ ဘာကြောင့်လဲဆိုတာ မသိနိုင်ပဲ ကိုက်ချီလာခဲ့ပုံဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။
သူ့ရဲ့ အစွယ်တွေကြားမှာ အသက်မဲ့နေတဲ့ မိကျောင်းပေါက်စလေးဟာ တွဲ လောင်းကျလျက်သားပါလာခဲ့တာကို တွေ့ရပါတယ်။