Saturday, June 10, 2023
HomeLead Storyတကျော့ပြန် ခေတ်စားလာနေသည့် ဗီယက်နမ် နတ်ပွဲများ (ရုပ်သံ)

တကျော့ပြန် ခေတ်စားလာနေသည့် ဗီယက်နမ် နတ်ပွဲများ (ရုပ်သံ)


ဗီယက်နမ်နိုင်ငံမှာ သစ်တော၊ ရေနဲ့ ကောင်းကင်နတ်တွေကို ပူဇော်ပွဲအတွင်း နတ်ဝင်သည် ကနေတာကို မြင်ရတာပါ။

ကွန်မြူနစ်ပါတီ အုပ်ချုပ်တဲ့ ဗီယက်နမ်မှာ အရင်က နတ်ဝင်သည် အလုပ်ဟာ အများ မျက်မှောင် ကြုတ်စရာ ဖြစ်ခဲ့ပေမယ့် ခုတော့ နတ်ကိုးကွယ်မှု တကျော့ပြန် ခေတ်စား လာနေတာပါ။

နတ်ပူဇော်ပွဲမှာ နတ်ဝင်သည်တွေဟာ ဒဏ္ဍာရီနဲ့ သမိုင်းထဲက စရိုက်လက္ခဏာတွေအဖြစ် ပြောင်းလဲကုန်တယ်လို့ ဆိုပါတယ်။

ခုလို လူရည်လူသွေး ပြောင်းတာဟာ မတူခြားနားတဲ့ နတ်တွေက သူတို့ ကိုယ်ခန္ဓာထဲကို ဝင်ရောက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

၁၆ ရာစုကတည်းက ဟို့ဒုမ်းနတ်ဟာ သစ်တော၊ ရေနဲ့ ကောင်းကင်ဘုံ ၃ ဘုံရဲ့ နတ်မိမယ်တွေ နေရာဌာနလို့ ယုံကြည်ကြပါတယ်။

ယုံကြည်မှုထဲမှာ တာအို၊ ဗုဒ္ဓဘာသာနဲ့ တခြား ဘာသာတရားတွေထဲက အချက်အလက် တွေကို ယူထားပါတယ်။

ဟို့ဒုမ်းဟာ ကိုယ်ပိုင်ယဉ်ကျေးမှုရှိပြီး ဂီတ၊ အက၊ ကဗျာလင်္ကာ စတဲ့ မတူခြားနားတဲ့ အရာတွေ ပေါင်းစုံ ပါဝင်တယ်လို့ ဗီယက်နမ် သုတေသနပညာရှင် ငို့ထင့်က ပြောပါတယ်။

ဟို့ဒုမ်းနတ်ကိုးကွယ်မှုကို လူသားထုရဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ယဉ်ကျေးမှု အဖွဲ့ကြီး ယူနက်စကိုက မနှစ်က အသိအမှတ် ပြုခဲ့ပါတယ်။

ဗီယက်နမ် ကွန်မြူနစ်ပါတီကလည်း ဟို့ဒုမ်းပွဲတော်ကို အယူသည်းမှုအဖြစ် သတ်မှတ် ပိတ်ပင်ထားရာက ၂၀၀၅ ခုနှစ်မှာ ပိတ်ပင်မှု ပယ်ဖျက်ပေးခဲ့ပါတယ်။

အရင်က ဘာသာရေးပွဲတော်အတွက် သက်သက်သာ ကျင်းပတဲ့ ဒီပွဲဟာ ယူနက်စကိုက အသိအမှတ်ပြု ပြီးတဲ့နောက်မှာ ကမ္ဘာလှည့်ခရီးသည်ကအစ ပွဲကြည့်ပရိသတ်အဆုံး လူတိုင်းအတွက် ပုံမှန် ပြပွဲ ဖြစ်လာခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular