A d v e r t i s e m e n t With Us

မန်ချက်စတာ တိုက်ခိုက်မှု သံသယရှိ အမျိုးသားတဦးကို ထပ်မံဖမ်းဆီး

ဗြိတိန်ရဲတွေဟာ မန်ချက်စတာ ဆင်ခြေဖုံး တိုက်ခိုက်မှုနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ ဆယ်ယောက်မြောက် အမျိုးသားကို မေ ၂၆ ရက်နေ့က ဖမ်းလိုက်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းက အရင်လူတွေကို ဖမ်းခဲ့တဲ့ ဆင်ခြေဖုံး ရပ်ကွက်ကို စီးနင်းအပြီး ဖမ်းဆီးခဲ့ပုံ ရုပ်သံကို ထုတ်လွှင့်ပါတယ်။ လူ ၈ ယောက်ကို အချုပ်ချ တရားစွဲထားပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက်ကို တရားမစွဲဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ မန်ချက်စတာ ရဲတွေက တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။ သောကြာနေမှာပဲ စီးနင်းခဲ့တဲ့ နေရာလို့ မီဒီယာတွေက အစီရင်ခံတဲ့ မော့စ်ဆိုဒ်က ဆံပင်ညှပ်ဆိုင် အပြင်ဘက်မှာ ရဲတွေက အရန်အတားတွေကို ချထားပါတယ်။ မန်ချက်စတာ ရပ်ကွက်က တေးဂီတ ဖျော်ဖြေပွဲခန်းမမှာ မေ ၂၂ ရက်နေ့က အသေခံ ဗုံးခွဲသမားတယောက် ဖောက်ခွဲခဲ့လို့ လူအနည်းဆုံး ၂၂ ယောက် သေဆုံးခဲ့တာပါ။ ဒါဟာ ကလေးတွေ၊ လူငယ်တွေကို ပစ်မှတ်ထားတဲ့ ရွံစရာ လုပ်ရပ်အဖြစ် ဗြိတိန်ဝန်ကြီးချုပ် ထရေဇာမေက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up