A d v e r t i s e m e n t With Us

ကယ်လီဖိုးနီးယားရှိ လုံခြုံရေးတင်းကျပ်သည့် ထောင်တခုတွင် ရုန်းရင်းဆန်ခတ်ဖြစ်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက လုံခြုံရေးတင်းကျပ်မှု အမြင့်ဆုံးရှိတဲ့ အကျဉ်းထောင်တခုအတွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ထိန်းသိမ်းရေး အရာရှိတွေက သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် လုံခြုံရေးဝန်ထမ်း ၈ ဦးနဲ့ အကျဉ်းသား ၇ ဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ အကျဉ်းသားတွေကို ဆေးရုံပို့ပေးခဲ့တယ်လို့ အကျဉ်းဦးစီးအရာရှိတွေက ပြောပါတယ်။ "ဒီနေ့မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က ထောင်ထဲမှာ ထောင်သား ၂ ဦး လက်သီးချင်း ထိုးကြတယ်။ ကျနော်တို့ဝန်ထမ်း ၂ ဦးက သူတို့ကို သွားဖျန်ဖြေချိန်မှာ တခြားအကျဉ်းသားတွေက သူတို့ကို ဝိုင်းတိုက်ခိုက်ခဲ့တယ်။ အဲဒီနောက် ကျနော်တို့ သေနတ်တွေသုံးပြီး လူစုခွဲရတယ်။ ကျနော်တို့ ဝန်ထမ်းတွေဘက်က ၈ ဦး ဆေးရုံတင်ခဲ့ရပါတယ်။ အကျဉ်းသားတွေထဲက ၅ ဦး ကျည်ဆန်မှန်ခဲ့တယ်။ အခုချိန်မှာတော့ အားလုံးအဆင်ပြေသွားပါပြီ။ ပြဿနာရဲ့ အခြေခံအကြောင်းရင်းကို စုံစမ်းကြဦးမှာပါ" လို့ အကျဉ်းထောင်ရဲ့ ပြန်ကြားရေးဌာနက ပြောခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့ကြတဲ့ လုံခြုံရေးဝန်ထမ်း ၈ ဦးကိုလည်း ဆေးရုံမှာ ကုသခဲ့ပြီး ၆ ဦးကိုတော့ ဆေးရုံကနေ ပြန်ဆင်းခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ ဆေးရုံမှာ ကျန်နေခဲ့တဲ့ ဝန်ထမ်း ၂ ဦးကိုလည်း မကြာခင် ပြန်ဆင်းလာနိုင်ဖို့ မျှော်လင့်တယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။ ဆေးရုံမှာကုသခဲ့ရတဲ့ အကျဉ်းသား ၇ ဦးမှာလည်း ၅ ဦးကို သေနတ်မှန်ဒဏ်ရာအတွက် ကုသခဲ့ရတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up