A d v e r t i s e m e n t With Us

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှု အခိုင်အမာဆန့်ကျင်ဟု တရုတ် ပြော

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် စမ်းသပ်ချက်တွေကို အခိုင်အမာဆန့်ကျင်ကြောင်း တရုတ်အစိုးရက မေလ ၂၄ ရက်နေ့မှာ တရားဝင် ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက “ကိုရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ အရေးအကြီးဆုံးအချက်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးပဲ ဖြစ်ပါတယ်။ နျူကလီးယားလက်နက် တိုးတက်အောင် အဆက်မပြတ်လုပ်နေတဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို ကျနော်တို့ အခိုင်အမာ ဆန့်ကျင်ပါတယ်။ မြောက်ကိုရီးယားပြဿနာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရာမှာ တရုတ်အစိုးရက အရိုးသားဆုံး လက်တွဲဆောင်ရွက်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီနော့က်ဆက်ပြီး “တခြား ဆက်စပ်နေတဲ့ နိုင်ငံတွေအနေနဲ့လည်း အတိတ်က တင်းကျပ်တဲ့မူဝါဒတွေကို ဆက်လက်ဆုပ်ကိုင်ထားတာမျိုး မလုပ်ဘဲ အခြေအနေတိုးတက်ရင် တိုးတက်သလို ပျော့ပေျာ့ပြောင်းပြောင်းဆက်ဆံဖို့၊ မြောက်ကိုရီးယား နျူကလီးယားပြဿနာကို မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့” တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up