DVB Logo
Home
မြန်မာသတင်း
ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေလယ်ကျွန်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြည့်ရှု
DVB
·
February 6, 2012
ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေလယ်ကျွန်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြည့်ရှု
1 / 2
Donate to DVB

မြန်မာနဲ့ ထိုင်းအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ မဲဆောက်မြို့အပိုင်ထဲက မယ်ကုတ်ကေး အမည်ရတဲ့ ရေလယ်ကျွန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က​ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်စူရဖုန်း တိုဝစ်ကျတ်ချိုင်ကွန်နဲ့ အဖွဲ့​​ သွားရောက် ကြည့်ရှုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်စူရဖုန်း တိုဝစ်ကျတ်ချိုင်ကွန်

မြန်မာနဲ့​ထိုင်းနယ်စပ် သောင်ရင်းမြစ်က ဧက ၁၀၀ လောက်ကျယ်တဲ့ အဲဒီ​ ရေလယ်ကျွန်းမှာ မြန်မာဘက်က မနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အလံစိုက်ပြီး ပိုင်တယ်လို့ ပြောနေတာကို ထိုင်းဘက်က ကန့်ကွက်ပြီးနောက် သွားရောက်​ ​ကြည့်ရှုတာပါ။

၂၀၁၁ ခုနှစ်က ရေစီးကမ်းပြိုဖြစ်လို့  အင်္ဂတေနံရံ တည်ဆောက်ခဲ့တာ​ ​မြန်မာဘက်ကို ထိခိုက်တယ်ဆိုပြီး​ ​မြန်မာဒေသခံ အာဏာပိုင်တွေက ကန့် ကွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နှစ်ဖက် တွေ့ဆုံညှိနှိုင်းရာမှာ ပြေလည်ခဲ့ပါတယ်။

ဒါပေမယ့် ရေတိုက်စားကမ်းပြိုပြီး ဖြစ်ပေါ်လာတဲ့ ရေလယ်ကျွန်းဟာ မြန်မာကမ်းက ပြိုသွားတဲ့မြေဖြစ်တာမို့ မြန်မာပိုင်တယ်ဆိုပြီး မြန်မာအလံကို စိုက်ထူခဲ့တာဖြစ်ကြောင်း   ထိုင်းတာဝန်ရှိသူတွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို အစီရင်ခံခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ မြန်မာပြည်ရောက်တုန်းက  ဒီကိစ္စကို မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ကြောင်း၊ ဒီကိစ္စကို ထိုင်း-မြန်မာ ပူးတွဲ နည်းပညာ ကော်မတီ JTC က ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

ဒီကိစ္စကို နိုင်ငံတကာ ဥပဒေပေါ်အခြေခံပြီး ဖြေရှင်းသွားမယ့်အကြောင်းနဲ့ ဒီလထဲမှာ ဆွေးနွေးကြဖို့ မြန်မာကို အကြောင်းကြားထားပြီး အကြောင်းပြန်ချက်ကို စောင့်နေတုန်းပဲလို့ ပြောပါတယ်။

ခုလို ပြသာနာဖြစ်နေတာက မယ်ကုတ်ကေးခွင်ထဲမှာ ၃ နေရာ ဖြစ်နေပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီလ​ ၂ ရက်နေ့မှာ  ထပ်ဆွေးနွေးဖြစ်ခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013