Saturday, June 10, 2023
HomeLead Storyပြည်တွင်းပြည်ပ စာပို့ခနှုန်းထားများ ၂ ဆ တိုးမြှင့်ကောက်ခံ

ပြည်တွင်းပြည်ပ စာပို့ခနှုန်းထားများ ၂ ဆ တိုးမြှင့်ကောက်ခံ

မြန်မာ့စာတိုက်လုပ်ငန်းအနေနဲ့ စာပို့ခနှုန်းထားတွေကို မေလ ၂၅ ရက်ကနေစတင်ပြီး တိုးမြှင့်ကောက်ခံနေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြောင်းလဲလိုက်တဲ့ နှုန်းထားတွေကတော့ ပြည်တွင်း ရိုးရိုးစာတစောင်အတွက် အခြေခံစာပို့ခကို အရင် ငွေကျပ် ၁၀၀ အစား ငွေကျပ် ၂၀၀၊ ပြည်တွင်း မှတ်ပုံတင်စာတစောင်အတွက် အခြေခံစာပို့ခကို အရင် ငွေကျပ် ၂၀၀ အစား ငွေကျပ် ၅၀၀ ဖြစ်ပါတယ်။

ပြည်ပ ရိုးရိုးစာတစောင်အတွက်တော့ အခြေခံစာပို့ခကို အရင် ငွေကျပ် ၅၀၀ အစား ငွေကျပ် ၁၀၀၀၊ ပြည်ပ မှတ်ပုံတင်စာတစောင်အတွက် အခြေခံစာပို့ခကို အရင် ငွေကျပ် ၁၂၀၀ အစား ငွေကျပ် ၂၅၀၀ ကို တိုးမြှင့် ကောက်ခံသွားမယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းအနေနဲ့ ပြည်သူတွေ အဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းပြီး ခေတ်မီနည်းစနစ်တွေနဲ့ ဝန်ဆောင်မှု ပေးလျက်နေရာမှာ လက်ရှိကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ စာပို့ခနှုန်းထားတွေ ပြောင်းလဲကောက်ခံတာလို့ ဆိုပါတယ်။

ဓာတ်ပုံ – Myanmar Post

RELATED ARTICLES
- Advertisment -
Google search engine

Most Popular