Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာအလုပ်သမားများ ကမ္ဘောဇဘဏ်မှ ငွေလွှဲနိုင်ပြီ
DVB
·
May 26, 2017
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအတွက် ကမ္ဘောဇဘဏ်က  မြန်မာငွေလွှဲကတ် ဝန်ဆောင်မှုနဲ့ ပြည်တွင်းမှာရှိတဲ့ မိသားစုတွေဆီကို အလွယ်တကူ ငွေလွှဲနိုင်ပြီ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုအတွက် ငွေလွှဲခပးစရာမလိုဘဲ ပြည်တွင်းမှာရှိတဲ့ ကမ္ဘောဇ ATM စက်တွေတိုင်းမှာ ငွေသား ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်နဲ့ ထိုင်းနိုင်ငံက Kasikorn ဘဏ်တို့ ပူးပေါင်းဆောင်ရွှက်တာဖြစ်ပြီးတော့ ထိုင်းနိုင်ငံဘက်က ငွေလွှဲကတ်ကတဆင့် ကမ္ဘောဇဘဏ်ရဲ့ ATM ကတ်အကောင့်တွေဆီကို ၁ ရက်မှာ ၁ ကြိမ်နဲ့ မြန်မာငွေ ၃၉ သိန်းအထိ ငွေလွှဲနိုင်မှာပါ။ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ငွေလွှဲဝန်ဆောင်ခ အခမဲ့စနစ်နဲ့ အကြိမ်ရေ အကန့်အသတ် မရှိ ငွေလွှဲမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီကာလကျော်သွားခဲ့ရင်တော့ ငွေလွှဲမှု ၁ ကြိမ်လျှင် ထိုင်းဘတ်ငွေ ၂၀၀ မြန်မာငွေတန်ဖိုး ကျပ ၈၀၀၀ နီးပါးကို ၀န်ဆောင်ခ ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ KBank ဘဏ်ခွဲတိုင်းမှာ Myanmar Remit Card (မြန်မာငွေလွှဲကတ်)ကို အခမဲ့ လျှောက်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား သုံးသန်းဝန်းကျင်လောက် နေထိုင်နေတဲ့အပြင် နှစ်စဉ် တရားမဝင်ငွေလွှဲစနစ် ဟွန်ဒီကနေ ငွေသားသန်းပေါင်းများစွာ အသုံးပြုနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အဖွဲ့အစည်း IOM က ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024