A d v e r t i s e m e n t With Us

ရုရှားသားအဖ ၂ ဦး သိပ္ပံဇာတ်လမ်းတွဲထဲမှ သေနတ်ကိုင် ထရန်စဖော်မာစက်ရုပ် တီထွင် (ရုပ်သံ)

ရုရှားနိုင်ငံမှ သားအဖ ၂ ဦးက သူတို့ရဲ့ ရုရှားနိုင်ငံထုတ် လာဒါကားဟောင်းကို နာမည်ကျော် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွဲ ထရန်စဖော်မာရုပ်ရှင်ထဲက စက်ရုပ်လိုမျိုး တီထွင် ပြောင်းလဲခဲ့ပါတယ်။ သားအဖ ၂ ဦးဖြစ်တဲ့ ဂျန်နာဒီးနဲ့ ဆာဂေးတို့က အချိန် ၆ လနီးပါးယူပြီး သူတို့ရဲ့ လာဒါကားဟောင်းကို စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွဲက ထရန်စဖော်မာ စက်ရုပ်ပုံစံမျိုး လျှို့ဝှက်အပိုင်းတွေ၊ အော်တိုလက်နက်တွေ တပ်ဆင်ကာ တကယ်လှုပ်ရှားလို့ရတဲ့ စက်ရုပ်မျိုး သူတို့ရဲ့ကိုယ်ပိုင်ဟန်နဲ့ တီထွင်ဖန်တီးခဲ့ကြတာလို့ မေရာသတင်းမှာ မေလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ ရုရှားနိုင်ငံ အိုရယ်လ်မြို့မှာ ကျင်းပတဲ့ စွန့်စားခန်း သရုပ်ပြပွဲမှာ သားအဖ ၂ ဦးက သူတို့တီထွင်ထားတဲ့ ကားစက်ရုပ်ကို မတ်တပ်ရပ်ပြ၊ လေထဲ သေနတ်ပစ်ခတ်ပြခြင်းဖြင့် ကြည့်ရှုနေတဲ့ ပရိသတ်တွေ အံ့အားသင့်သွားခဲ့တာကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။ ဖခင်ဖြစ်သူက “ဒီတီထွင်မှုက တကယ့် ကမ္ဘာ့အဆင့်အတန်းမီကားမျိုးလိုပဲ မောင်းလို့ရပြီး သေနတ်နဲ့လည်း ပစ်လို့ရတယ်။ သရုပ်ပြမှုကတော့ ရုပ်ရှင်ထဲကလို၊ ကာတွန်းတွေထဲကလိုပါပဲ” လို့ RT.Com ကို ပြောပါတယ်။ “နောက်နှစ်မှာ ဒီသဘောတရားကို အခြေခံပြီး နောက်ကား ၂ စီးကို တီထွင်ဖန်တီးဦးမယ်။ ကျနော်တို့မှာ ထူးခြားတဲ့ စိတ်ကူးတွေ အများကြီးရှိတယ်” လို့ သူက ဆက်ပြောပါတယ်။ သူတို့ ၂ ဦးက တီထွင်ထားတဲ့ စက်ရုပ်ကြီးနဲ့ ရုရှားနိုင်ငံ မြို့တော်တော်များများကို သွားခဲ့ပြီး နောက်စီမံကိန်းစဖို့ မစောင့်နိုင်အောင်ပါပဲလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up