Home
သတင်းဓာတ်ပုံ
၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ (ဓာတ်ပုံ)
DVB
·
May 25, 2017
၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းတွေမှာ မေလ ၂၅ ရက်နေ့က စတင်ပြီး ကျောင်းသူကျောင်းသားတွေကို ကျောင်းလက်ခံအပ်နှံနေပါတယ်။ ကျောင်းအပ်နှံရာမှာ ကျောင်းလခနဲ့ မိဘဆရာအသင်းကြေးအပါအ၀င် မည်သည့်အခကြေးငွေမှ ကောက်ခံတာမလုပ်ဖို့၊ ငွေကြေးလက်ဆောင်ပစ္စည်း တစုံတရာ လက်ခံရယူတာမလုပ်ဖို့ ပညာရေးဝန်ကြီးဌာနက ညွန်ကြားထားပါတယ်။ ဒါ့အပြင် ကျောင်းသူကျောင်းသားတွေအတွက်  ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နဲ့ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွေကိုလည်း အခမဲ့ဝေပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - အိမ်ခိုင်မြဲ၊ အောင်အောင်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024