DVB Logo
Home
မြန်မာသတင်း
ကချင်ဒုက္ခသည်တွေ ထောက်ပံမှုလိုအပ်ဟု ကုလဆို
DVB
·
February 4, 2012
ကချင်ဒုက္ခသည်တွေ ထောက်ပံမှုလိုအပ်ဟု ကုလဆို
Donate to DVB

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပွဲကြောင့် ထွက်ပြေးရတဲ့လူတွေက လူသားချင်း စာနာမှု အကူအညီ ပိုမိုလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံးရဲ့ ဇန်န၀ါရီလက ကန့်သတ်ထုတ်ဝေတဲ့  ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

[caption id="attachment_19885" align="alignright" width="300" caption="ကချင်ဒုက္ခသည်များ"][/caption]

ဒီထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၃၁ ရက်က ယူအန်အိုချာက ကန့်သတ် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီးတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒုက္ခသည်တွေရဲ့ အခြေအနေ အသေးစိတ်ကို​ ​ရေးသားထားတာ ဖြစ်ပါတယ်။

ဖားကန့်မှာ​ ​အလုပ်လုပ်နေတဲ့ ​ရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ကနေ ၃၀၀၀ အထိလည်း စွန့်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်နဲ့ မန်စီတွေမှာ စက်တင်ဘာလက ၃၉ ခုသာရှိတဲ့ ဒုက္ခသည်စခန်းကလည်း ဒီဇင်ဘာလမှာ ၈၃ ခုအထိ များပြားလာတယ်လို့လည်း ပါရှိပါတယ်။

ကချင်ပြည်နယ် ဒုက္ခသည်စခန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ အမျိုးသမီးတဦးကလည်း သူ့အတွေ့အကြုံကို ခုလို ရှင်းပြပါတယ်။
“camp (ဒုက္ခသည်စခန်း)တွေမှာ လူပိုများလာတယ် ဆိုတာက နဂိုကတည်းက သူတို့က တောတောင်တွေထဲမှာ ထွက်ပြေးပြီးသား ဒါပေမယ့် ဒီဘက်က မြို့က camp တွေကို ရောက်လာဖို့ကျတော့ access(အခွင့်အလမ်း) မရှိတာရယ်။ ပြီးတော့ တောထဲမှာ ရေရှည် ဆက်နေဖို့ အဆင်ပြေတော့ တချို့က ကျန်းမာရေး ကိစ္စတွေ ပါတယ်။ ကိုယ်ဝန်သည်တွေ မီးဖွားရမယ့် ကိစ္စတွေ ရှိလာတဲ့အခါ ဘယ်လိုမှ တောထဲမှာ နေလို့ မရတော့တဲ့အတွက် camp တွေကို ထော်လာဂျီနဲ့ပဲ ကြုံကြုံ ဘာနဲ့ပဲဖြစ်ဖြစ် ရရာနည်းနဲ့  တဖြည်းဖြည်း ဆင်းလာနေကြတယ်။ ဒါကြောင့် camp တွေမှာ လူတွေက အခုထက်ထိ တိုးတုန်းပဲ ဆိုတာမျိုးကို တွေ့နေရတယ်ပေါ့။”

၂၀၁၁ အောက်တိုဘာလက ခန့်မှန်းခြေ စစ်ပြေး ဒုက္ခသည် ၂သောင်း ၉ ထောင်ကနေ ဇန်န၀ါရီလ အလယ်ပိုင်းလောက်မှာတော့ ၅ သောင်းခွဲလောက်အထိ မြင့်တက်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီဇင်ဘာလက ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည် ၁၀၀၀ လောက်ကလည်း နမ့်ခမ်းမြို့နယ်အတွင်းက ဒုက္ခသည် စခန်းတွေကို ရောက်ရှိသွားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရာသီဥတု အပြောင်းအလဲကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေက ရာသီနဲ့ဆိုင်တဲ့ အဖျားရောဂါကို ခံစားနေရပြီးတော့ ပြည်ကြပ်နေတဲ့ စခန်းတွေမှာ တကိုယ်ရေးသန့်ရှင်းရေးကတော့ ဆိုးဝါးနေတယ်လို့ လည်းဆိုပါတယ်။  သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ကလည်း အခက်အခဲတခုဖြစ်နေတယ်လို့ ပါရှိပါတယ်။

မတည်ငြိမ်မှုတွေ ဖြစ်ပွားနေတဲ့ ကချင်နဲ့ရှမ်းပြည်နယ်က မြို့နယ် ၁၀ ခုမှာ ကျောင်းပေါင်း ၅၁ ကျောင်းလည်း ပိတ်ထားခဲ့ရပြီး ကျောင်းသား ၇၈၇၂ ယောက်လည်း ကျောင်းတက်နိုင်ခြင်း မရှိဘူးလို့လည်း ထုတ်ပြန်ချက်က ရေးသားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013