မန်ချက်စတာမြို့ ဖျော်ဖြေပွဲ ပေါက်ကွဲမှု ကမ္ဘာတဝန်း ဝမ်းနည်းကြောင်း ပြသ

ဓာတ်ပုံ - JOEL GOODMAN/LNP
438
ဗြိတိန် မန်ချက်စတာဖျော်ဖြေပွဲ ပေါက်ကွဲမှုရဲ့ ဓားစာခံဖြစ်ခဲ့ရသူတွေအတွက် တကမ္ဘာလုံးက ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ မေလ ၂၂ ရက်ညက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွက် ကမ္ဘာတဝန်းလုံးက ဝမ်းနည်းခဲ့ကြရပါတယ်။
အမေရိကန်လွှတ်တော်အမတ်တွေက ပေါက်ကွဲမှုရဲ့သားကောင် ဖြစ်ခဲ့ရသူတွေအတွက် မေလ ၂၃ ရက်နေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လွှတ်တော်အတွင်း ခေတ္တခဏ ငြိမ်သက်စွာ နေခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အီဖယ်မျှော်စင်မှာလည်း မေလ ၂၃ ရက် ည ၁၀ နာရီအချိန်မှာ မီးတွေခဏပိတ်လိုက်ပြီး ပေါက်ကွဲမှုအတွက် ဝမ်းနည်းအောက်မေ့ခြင်းကို ပြသခဲ့ပါတယ်။
အဲဒီအပြင် ကမ္ဘာတဝန်းလုံးက အနုပညာရှင်တွေကလည်း အဲဒီဖြစ်ရပ်အတွက် သူတို့ရဲ့ ဝမ်းနည်းခြင်းတွေကို တွစ်တာမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။
မန်ချက်စတာပေါက်ကွဲမှုအတွက် ကနေဒါနိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် သမ္မတဟောင်း အိုဘားမား၊ ချီလီသမ္မတဟောင်း မီရှဲလ်ဘက်ရှလတ်တို့သာမက နိုင်ငံတကာက နိုင်ငံရေးသမားတွေက ဝမ်းနည်းမှုကို ဖော်ပြခဲ့ကြပါတယ်။
ဟောလိဝုဒ်မှာ ရောက်ရှိနေကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကလည်း သူတို့ရဲ့ ဝမ်းနည်းမှုကို ဖော်ပြခဲ့ကြတယ်လို့ သိရပါတယ်။