A d v e r t i s e m e n t With Us

အာဆီယံထိပ်တန်း​စီး​ပွား​ရေး​ လုပ်ငန်း​ရှင်များ​ မြန်မာပြည် လာမည်

အာဆီယံနိုင်ငံ​တွေက ထိပ်တန်း​စီး​ပွား​ရေး​လုပ်ငန်း​ရှင် ၃၀ ​ကျော်ပါဝင်တဲ့​ (Asean Business Club) အဖွဲ့​ဟာ လာမယ့်​တနင်္လာ​နေ့​ ရန်ကုန်ကို လာဖို့​ ရှိပါတယ်။ အာဆီယံ ထိပ်တန်း​စီး​ပွား​ရေး​ လုပ်ငန်း​ရှင်များ​ အဖွဲ့​ဟာ မြန်မာ့​ရင်း​နှီး​မြှုပ်နှံမှု ​ကော်မရှင် (UMFCCI) မြန်မာနိုင်ငံ စက်မှုကုန်သည် အသင်း​ချုပ်စတဲ့​ အဖွဲ့​တွေက တာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြဖို့​ရှိပြီး​၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံမယ်လို့​ သိရပါတယ်။ အာဆီယံ လုပ်ငန်း​ရှင်​တွေနဲ့​ ကား​ထုတ်လုပ်​ရေး​ကိစ္စရပ်​တွေ အဓိကထား​ ​ဆွေး​နွေး​ကြဖို့​ ရှိတယ်လို့​ စက်မှုကုန်သည်အသင်း​ချုပ်က တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​အောင်ခင်မြင့်​က ခုလို ​ပြောပြပါတယ်။ “ကား​နဲ့​ ပတ်သက်တာကျ​တော့​ နိုင်ငံ​တော်က စက်မှုနိုင်ငံ​တော် ဖြစ်​အောင်ဆိုပြီး​ လုပ်ချင်တယ်​လေ။ ကား​ထုတ်လုပ်မှုကိုလည်း​ သူတို့​က တိုး​တက်​စေချင်တယ်။ မြန်မြန်​လေး​ တိုး​တက်ဖွံ့​ဖြိုး​စေချင်တယ်။ ဒီမှာရှိတဲ့​ ကား​ထုတ်လုပ်မှုကလည်း​ သိတဲ့​အတိုင်း​ပဲ အား​လုံး​က အလုံး​ချိန်း​(အင်ဂျင်လဲ) တာကိုပဲ အား​သန်ကြတာ​လေ။ အနည်း​ဆုံး​ ဘယ်​လောက် ရာခိုင်နှုန်း​အထိ ခင်း​ကျင်း​ ပြသနိုင်မလဲ။ အဲဒီလိုလုပ်နိုင်ဖို့​အတွက်လည်း​ နိုင်ငံ​တော်က အား​ပေး​နေပါတယ်။ အဲဒီအတွက် ကျ​နော်တို့​မှာ အ​တွေ့​အကြုံ ဗဟုသုတ မရှိဘူး​ခင်ဗျ။ အဲဒါ​လေး​ကို လာ​လေ့​လာဖို့​လို့​ ကျ​နော် နား​လည်ထား​ပါတယ်။ နိုင်ငံ​တော်က ကား​အသင်း​အဖွဲ့​ပဲ ဖြစ်ဖြစ်၊​ group of business ​ပေါ့​။ အုပ်စုဖွဲ့​ပြီး​တော့​ နည်း​နည်း​ထွား​အောင်လုပ်​ပေါ့​။ နိုင်ငံ​တော်က အပြင်က သွင်း​တာထက် စာရင် ဒီမှာ ဖြစ်နိုင်ရင် ကား​ကို ဘယ်နှပတ်​လောက်ပဲ ဆင်ရ ဆင်ရ ကိုယ့်​နိုင်ငံက ထုတ်တဲ့​ဟာကိုပဲ​ပေါ့​။ ဒီနှစ်မှာ ပြည်တွင်း​က ၁၀ ရာခိုင်နှုန်း​ပဲ ဆင်နိုင်ရင် ​နောက်နှစ်မှာ ၂၀ ရာခိုင်နှုန်း​ အထိ ဆင်နိုင်မယ် အဲလိုမျိုး​ နိုင်ငံ​တော်က ရည်ရွယ်ချက် ရှိတယ်ဗျ။” စက်မှုကုန်သည် အသင်း​ချုပ်က တာဝန်ရှိသူ​တွေဟာ ကား​ထုတ်လုပ် တပ်ဆင်​ရေး​နဲ့​ ပတ်သက်ပြီး​၊​ မ​လေး​ရှား​နိုင်ငံကို သွား​ရောက် ​လေ့​လာခဲ့​ပြီး​ ဖြစ်သလို မကြာခင်မှာလည်း​ ထိုင်း​နိုင်ငံကို သွား​ရောက်​လေ့​လာ ဖို့​ရှိတယ်လို့​လည်း​ ​ပြောပါတယ်။ (Asean Business Club ) အဖွဲ့​ဟာ ​ဖေ​ဖော်ဝါရီ ၆ ရက် မွန်း​လွဲတနာရီမှာ စက်မှုကုန်သည်အသင်း​ချုပ်နဲ့​ ​တွေ့​ဆုံပြီး​ မွန်း​လွဲ ၃ နာရီမှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သွား​ရောက် ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။ ​ဖေ​ဖော်ဝါရီလ ၇ ရက်မှာ​တော့​ မြန်မာ့​ရင်း​နှီး​မြှုပ်နှံမှု ​ကော်မရှင်နဲ့​ ရင်း​နှီး​မြှပ်နှံမှုဆိုင်ရာ ဥပ​ဒေ​တွေနဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​ကြမှာ ဖြစ်ပါတယ်။ အဲ့​ဒီအဖွဲ့​နဲ့​အတူ ပြန်ကြား​ရေး​သတင်း​အဖွဲ့​တွေလည်း​ လိုက်ပါလာကြမယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up