Home
သတင်းဓာတ်ပုံ
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် လွတ်မြောက်
DVB
·
May 24, 2017
TaungNguPrison
TaungNgu
18622189_685169701679769_8317846214212074620_n
18620295_685169738346432_3251694935144464710_n
18557470_685169728346433_1810873608409319958_n
  တောင်ငူအကျဉ်းထောင်မှ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ဒီနေ့ မနက် ၈ နာရီ ၁၅ မိနစ်က ပြန်လည်လွတ်မြောက်လာပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကြိုဆိုတဲ့ အနေနဲ့ နိုင်ငံခြားသား ၇၀ ကျော် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အကျဉ်းသား ၂၅၉ ဦးကို  နိုင်ငံတော်သမ္မတက  ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့အထဲမှာ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ၂၀၁၄ ခု ဇွန်လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက   ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတွေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး   စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း စီရင်ချက် ချမှတ်လိုက်တာဖြစ်ပါတယ်။ ဓာတ်ပုံ - ကိုသားကြီး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024