A d v e r t i s e m e n t With Us

ဇိုမီး​ပါတီ ဥက္ကဋ္ဌ နိုင်ငံကူး​လက်မှတ် အချိန်ကြန့်​ကြာ​နေ

ပူးကျင့်ရှင်းထန်း​
ချင်း​လူမျိုး​စု​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ပူးကျင့်​ရှင်း​ထန်ရဲ့​ နိုင်ငံကူး​ လက်မှတ် ​လျှောက်ထား​တာ ပုံမှန်ထက် ကြန့်​ကြာ​နေတယ်လို့​ ကာယကံရှင်က ဒီဗွီဘီကို ​ပြောပါတယ်။ [caption id="attachment_20823" align="alignright" width="300" caption="ပူး​ကျင့်​ရှင်း​ထန်း​"][/caption] ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​ပြီး​၊​ အခုဖျက်သိမ်း​တာခံထား​ရတဲ့​ ဇိုမီး​ အမျိုး​သား​ ကွန်ဂရက်ပါတီရဲ့​ ဥက္ကဋ္ဌ ပူး​ကျင့်​ရှင်း​ထန်း​က နိုင်ငံခြား​မှာ မျက်လုံး​ကုသမှု ခံယူဖို့​ မနှစ် ဒီဇင်ဘာ ၁၉ ရက်​နေ့​ ကတည်း​က နိုင်ငံကူး​လက်မှတ် ​လျှောက်ထား​တာ ခုချိန်ထိ မရ​သေး​တဲ့​ အ​ကြောင်း​ အခုလို ​ပြောပြပါတယ်။ “(မျက်စိ)ခွဲတဲ့​ ဆရာဝန်က အခု ခွဲတာက ဒီ​လောက်ထိပဲ ဒါ​ပေမယ့်​ ​ကောင်း​ကောင်း​ မမြင်​သေး​ဘူး​ ဆို​တော့​ နိုင်ငံခြား​သွား​ပြီး​တော့​ နည်း​နည်း​ စစ်​ဆေး​မှ ​ကောင်း​မယ်လို့​ အကြံပြု​တော့​ ပတ်စ်ပို့​လျှောက်တယ်။ ကျ​နော်က လူမျိုး​စု နိုင်ငံ​ရေး​သမား​ဆိုပြီး​တော့​ ကျ​နော့်​ကို ပတ်စ်ပို့​ မ​ပေး​ဘူး​လို့​ အဲလိုပဲ ​အောက်​မေ့​ပါတယ်။ ဘာလို့​လဲ ဆို​တော့​ ကျ​နော်က ၂၁ ရက် မကဘူး​ တလ​ကျော်​နေပြီ အခုထက်ထိ မရဘူး​။ အဲဒါကို ကျ​နော့်​ကို အခွင့်​အ​ရေး​ ပိတ်ပင်တယ်။ ဒီပတ်စ်ပို့​က​တော့​ လူတိုင်း​ ရတယ်။ ကျ​နော်က နိုင်ငံသား​လည်း​ ဖြစ်တယ်။ အပြစ်လည်း​ မရှိပါဘူး​။ ​ထောင်ခဏခဏ ကျ​ပေမယ့်​ ဥပ​ဒေ ချိုး​ဖောက်တာလည်း​ မရှိဘူး​။” နိုင်ငံကူး​လက်မှတ် ထုတ်​ပေး​ရေး​ရုံး​မှာ အရင်က နိုင်ငံကူး​ လက်မှတ် ​လျှောက်ထား​ရင် တလ​ကျော် ကြာမြင့်​တတ်​ပေမယ့်​ မနှစ် ဇူလိုင်လ ဒုတိယပတ်က စလို့​ ၊​ စ​လျှောက်တဲ့​နေ့​က​နေ ၂၁ ရက်အတွင်း​ နိုင်ငံကူး​ လက်မှတ် ထုတ်​ပေး​နေတာ ဖြစ်ပါတယ်။ ပူး​ကျင့်​ရှင်း​ထန်ဟာ စီအာရ်ပီပီလို့​ ​ခေါ်တဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပါတီ​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီရဲ့​ ​ခေါင်း​ဆောင်တဦး​လည်း​ ဖြစ်ပါတယ်။ လွန်ခဲ့​တဲ့​နှစ်​တွေက သူ့​ကို အစိုး​ရက ​ထောင်ကိုး​ကြိမ် ချခဲ့​ဖူး​တာ​ကြောင့်​ ​ထောင်ထဲမှာပဲ သူ့​မျက်လုံး​ အမြင်အာရုံ အ​ခြေအ​နေ ဆိုး​ခဲ့​ရတယ်လို့​ ပူး​ကျင့်​ရှင်း​ထန်က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up